Main menu

Background

ဝယ်လိုအားနည်းခြင်းကြောင့် စာအုန်းဆီကြမ်းဈေးကျဆင်း

Tue, 09/07/2010 - 06:26 -- Anonymous (not verified)

ဝယ်လိုအားနည်းခြင်းကြောင့် စာအုန်းဆီကြမ်းဈေးကျဆင်း                တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့မှ ဝယ်လိုအားနည်းနေတာကြောင့် စားအုန်းဆီ ကြမ်း ဈေးကျဆင်းခဲ့ပြီး သြဂုတ်လကုန်စားအုန်းဆီ သိုလှောင်မှုပမာဏဟာ တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ စင်ကာပူအခြေစိုက်ကုန်သည် များက ဆိုပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတ Intertek Agri Services   နဲ့ SGS (မလေးရှား) တို့ရဲ့ စားရင်းတွေအရ သြဂုတ်လအတွင်း စားအုန်းဆီတင်ပို့မှု သိသိသာ သာ ကျဆင်းခဲ့ခြင်းက စားအုန်းဆီသိုလှောင်မှုကို မြင့်တက်စေပြီး ဈေးနှုန်းကျဆင်းဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။      Intertekု ရဲ့ စာရင်းအရ သြဂုတ်လ စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၂၂ သန်းကို ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး SGS စာရင်းအရ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁ ဒသမ ၁၅ သန်းရှိတယ်လို့ သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ စက်တင်ဘာလ အတွက် စားအုန်းဆီခဲ ဈေးနှုန်းဟာ တစ်တန်ကို ကန် ဒေါ်လာ ၁ဝ လျော့ကျပြီး ကန်ဒေါ်လာ ၉၁၅၊ စားအုန်းဆီကြမ်းဈေးနှုန်းက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၆၈ဝ (ကန်ဒေါ်လာ ၈၅၅) ဈေးဖြစ်ခဲ့ပါတယ်။     မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၅၃၅  (ကန်ဒေါ်လာ ၈ဝ၉) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာလည်း အောက်တို ဘာလ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၄၃၅ဝဝဝ (ကန်ဒေါ်လာ ၈၂၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                    ယုဇနSources: palmoil hq .com