Main menu

Background

ဝယ်လိုအားနည်းလာလို့ အိန္ဒိယကုလားပဲဈေးကျ

Wed, 09/01/2010 - 05:48 -- Anonymous (not verified)

အိန္ဒိယမိုးရာသီပဲမိုျးစုံစိုက်ဧရိယာပိုမိုခြင်းနဲ့ ဒေသတွင်း လှောင်လက် များက ဝယ်လိုအားနည်းပါး နေခြင်းကြောင့် ကုလားပဲဈေး သိသိသာသာ ကျဆင်း ခဲ့ပါတယ်။ ဃြီနဌ ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၅ဝဝ  (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး၊ ရူပီး ၂၁၆၅ဝ (ကန်ဒေါ်လာ ၄၆၅)၊ အောက်တိုဘာလကြိုပွိုင့်ဈေးဟာ ရူပီး ၂၂၄၁ဝ (ကန်ဒေါ်လာ ၄၈၁) နဲ့ ဈေးပိတ် ခဲ့တယ်လို့ သိရပါတယ်။     အလားတူ လက်ငင်းဈေးကွက်မှာလည်း ကာဘူလီကုလားပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ(ကန်ဒေါ်လာ၂၁) ကျဆင်းပြီး ရူပီး ၄၆ဝဝဝ-၄၇ဝဝဝ  (ကန်ဒေါ်လာ ၉၈၈-၁ဝဝ၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိုးရာသီ ပဲမိုျးစုံ ဝင်ရောက် ်မှုစတင်လာပြီဖြစ်ပြီး မိုးရေအလုံအလောက်ရရှိတာကြောင့် အထွက်တိုးတက်နိုင်ဖွယ်ရှိခြင်းက ဈေးနှုန်းမတက်အောင် ထိန်းထားခြင်းဖြစ်ပါ တယ်။     ဒါပေမဲ့ ပြည်တွင်းလှောင်လက်များက ဈေးအကျမှာ ပြန်လည်ဝယ်ယူ ဖွယ်ရှိပြီး ပွဲတော်အတွက် အဝယ်လည်း တက်နိုင်တာကြောင့် စက်တင်ဘာလလယ်  ကာလလတ်အတွင်း ဈေးပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                                  ယမင်းခင်။ Sources: commodityonline