Main menu

Background

ဝယ်လိုအားမြင့်တက်လာတာကြောင့် အိန္ဒိယ ဈေးမြင့်

Mon, 09/13/2010 - 03:48 -- Anonymous (not verified)

 ဝယ်လိုအားမြင့်တက်လာတာကြောင့် အိန္ဒိယ ဈေးမြင့်     အိန္ဒိယပဲထုတ်လုပ်တဲ့ဒေသတွေက ပဲအဝင်နည်းနေတာရယ် ပွဲတော် အတွက် ဝယ်လိုအားတွေ မြင့်တက်နေတာရယ်ကြောင့် အိန္ဒိယပြည်တွင်း လက်ကား ဈေးကွက်တွေမှာ မတ်ပဲဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ  (ကန်ဒေါ် လာ ၂၁ ဒသမ ၆၄) ခန့် မြင့်တက်ခဲ့ပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ဒေသတွေမှာ မိုးသည်း ထန်နေတာကြောင့် ပဲဝင်ရောက်မှုနည်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာတစ်တန်ကို ရူပီး ၁ဝဝဝ စီမြင့်တက်ခဲ့ပြီး ရူပီး ၅၅ဝဝဝ-၆ဝ၅ဝဝ (ကန်ဒေါ်လာ ၁၁၉ဝ-၁၃ဝ၉) နဲ့ ရူပီး ၅၉ဝဝဝ-၆၃ဝဝဝ  (ကန်ဒေါ်လာ ၁၂၇၇-၁၃၆၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT - MAPT