Main menu

Background

သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ခဲ့ရသော်လည်း ၂ဝ၁ဝ ခုနှစ်တွင်

Thu, 09/09/2010 - 07:34 -- Anonymous (not verified)

သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ခဲ့ရသော်လည်း ၂ဝ၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တစ်နှစ်တာကောက်ပဲသီးနံှထွက်နှုန်း စံချိန်တင်မြင့်မားဦးမည်          တရုတ်နိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးရေလွှမ်းမိုးမှုဒဏ်ခံရသော်လည်း ကောက်ပဲသီးနံှစိုက်ပိုျး ဧရိယာ အများစုလွတ်ကင်းခဲ့ပြီး ယခုနှစ်တရုတ်နိုင်ငံရဲ့ သီးနံှထွက်နှုန်းစံချိန်တင်ဦးမယ်လို့ FAO ကခန့်မှန်းထား ပါတယ်။ ၂ဝ၁ဝခုနှစ်တွင် စုစုပေါင်းသီးနံှထွက်ရှိမှုတန်ချိန်က ၄၈၆ ဒသမ ၁ သန်းထိ ရောက်ရှိမယ်ခန့်မှန်းရာ ၂ဝဝ၉ ခုနှစ်သီးနံှ အထွက် တန်ချိန် ၄၈၃ ဒသမ ၄ သန်းထက်ပိုမိုနေပါတယ်။ ပြောင်းနဲ့ ဆန်ထုတ်လုပ်မှုတိုးတက်တာဖြစ်တယ်လို့ သြဂုတ်လ ၂၈ ရက်နေ့ထုတ်  FAO  ရဲ့အစီရင်ခံစာနဲ့ သြဂုတ်လ ၃၁ ရက်နေ့  FAO Website  တွင် ဖော်ပြထားပါတယ်။ယခုနှစ်တရုတ်နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုက တန်ချိန် ၁၉၆ ဒသမ ၆ သန်းထိမြင့်တက်ကာ ယခင်နှစ်က ထုတ်လုပ် မှုတန်ချိန် ၁၉၅ ဒသမ ၁ သန်းထက်ပိုမိုဖွယ်ရှိတယ်လို့ FAO က ခန့်မှန်းထားပါတယ်။ ပြောင်းစိုက်ပိုျးမှု မှာလည်း ၂ဝဝ၉ ခုနှစ် ထွက်ရှိတဲ့တန်ချိန် ၁၆၄ သန်း ထက်ပိုမိုကာ ၂ဝ၁ဝ ခုနှစ်တွင် တန်ချိန် ၁၆၆ သန်းထွက်ရှိမယ် လို့ FAO ကခန့်မှန်းပါတယ်။ ဒါ့အပြင် ဂုံျထုတ်လုပ်မှုတန်ချိန်မှာ ၂ဝဝ၉ ခုနှစ်ကထက် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ၂ဝဝ၉ ခုနှစ်တွင် ဂုံျတန်ချိန် ၁၁၅ သန်းထုတ်လုပ်နိုင်ပြီး ၂ဝ၁ဝ ခုနှစ်တွင် တန်ချိန် ၁၁၄ သန်းသာထွက်ရှိမယ်လို့ FAO  က ခန့်မှန်းပါတယ်။                                                                                                      Source:Bloomberg.com,ပပ