Main menu

Background

သီချင်းတွေနဲ့ ဓာတ်ပုံတွေကောင်းကောင်း သိမ်းဆည်းထားနိုင်တဲ့ i Pod

Thu, 05/06/2010 - 03:13 -- Anonymous (not verified)

   i Tune ကတစ်ဆင့် အင်တာနက်နဲ့ တိုက်ရိုက်ဆက်ပြီး သီချင်းတွေကို Download ရယူနိုင်ပါတယ်။ i Pod tab ပါတဲ့ တီဗွီ၊ ပရိုဂျက်တာနဲ့ ဗီဒီယိုစက်တွေမှာ ချိတ်ဆက်ပြီး သုံးလို့ရပါတယ်။ Screen အရွယ်အစားက ၁ ဒသမ ၈ လက်မရှိတာကြောင့် ဓာတ် ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်ပါတယ်။   အချက်အလက် သိမ်းဆည်းနိုင်မှု ပမာဏက 80 GB ရှိပါတယ်။ သီချင်းတွေ၊ ဓာတ်ပုံတွေနဲ့ ဂိမ်းတွေအမြောက် အမြားကို  ထည့်ပြီး  သိမ်းထားနိုင်ပါတယ်။ နာရီနဲ့ ပြက္ခဒိန်တွေလည်း ပါပါသေးတယ်။ ဈေးနှုန်းက ကျပ် တစ်သိန်း နှစ်သောင်းဝန်းကျင် ရှိပါ တယ်။    ရန်ကုန်မြို့ လှည်းတန်းက Do Co Mo  ဆိုင်မှာ ဝယ်ယူနိုင်ပါတယ်။