Main menu

Background

သြဂုတ်လအတွင်း ရေထွက်ကုန်တင်ပို့မှု

Thu, 09/09/2010 - 05:06 -- Anonymous (not verified)

သြဂုတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုက တစ်ရက် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်းရနေ        သြဂုတ်လအတွင်းရေထွက်ကုန်ပစ္စည်းတင်ပို့မှုက တစ်ရက်လျှင် ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။    '' သြဂုတ်လ ၁ ရက်ကနေ ၆ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၆ ဒဿမ ၃၁ဝ သန်း ၊ သြဂုတ်လ ၇ ရက်ကနေ ၈ ရက် အထိ ဒေါ်လာ ၃ ဒဿ ၉ဝ၈သန်း၊  သြဂုတ်လ ၉ ရက်ကနေ ၁၅ ရက်အထိ ဒေါ်လာ ၁၁ ဒဿ ၈၁၆ သန်း၊ သြဂုတ်လ ၁၆ ရက်ကနေ ၂၂ ရက်အထိ ဒေါ်လာ ၁၁ ဒဿမ ဝ၇ဝ သန်း စုစုပေါင်း ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၃၃ ဒဿမ ၁ဝ၄ သန်း ရရှိထားပြီး ဖြစ်တဲ့အတွက် ၁ ရက်ပျမ်းမျှဒေါ်လာ ၁ ဒဿမ ၅ဝ၄ သန်း ရရှိနေပါတယ်။ မနှစ်က သြဂုတ်လတစ်လလုံးတင်ပို့မှုက ဒေါ်လာ ၃၈ ဒဿမ ၅၉၆ သန်း ရရှိခဲ့တာပါ။ဒါကြောင့် မနှစ်ကနဲ့ ဒီနှစ် သြဂုတ်လရဲ့ရေထွက်ကုန် တင်ပို့မှုကိုနှိုင်းယှဉ်ရင် မနှစ်ကအနေအထား ကို ကျော်လွန်ဖို့ရှိပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပြသည်။     ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှုက ဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား လုပ်ကိုင်လျက်ရှိရာ  သြဂုတ်လ ၂၂ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၁၃ ဒဿမ ၂၈၉ သန်းရရှိထား ပြီးဖြစ်သည် ဟုဆိုသည်။                                                                                                                        ခင်မိုျးသွယ်