Main menu

Background

သြဂုတ်လ နှမ်းအတင် ဇူလိုင်လထက်ပို

Mon, 09/13/2010 - 07:17 -- Anonymous (not verified)

 သြဂုတ်လ နှမ်းအတင် ဇူလိုင်လထက်ပို    ပင်လယ်ရေကြောင်းက တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ကို နှမ်းတင်ပို့ရာမှာ သြဂုတ်လအတွင်း တန်ချိန် ၁၇ဝဝ ခန့် ရှိခဲ့လို့ ဇူလိုင်လတင်ပို့မှု တန်ချိန် ၁၂ဝဝ ခန့်ထက် ပိုမိုတာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် သြဂုတ်လမှာ တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂ဝဝ ခန့်ပိုတင်ပို့လာပါတယ်။ ယခုတစ်ပတ် (သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်) အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်တင်ပို့မှုရှိလို့ ယခင်တစ်ပတ်ထက် ထက်ဝက်ကျော် တိုးတက် တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ  ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                MIRT - MAPT