Main menu

Background

အခြားပဲဈေးတွေကျဆင်းလို့ အိန္ဒိယမတ်ပဲဈေးလည်းကျ

Wed, 09/01/2010 - 04:34 -- Anonymous (not verified)

အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို မတ်ပဲအသစ်ဝင်ရောက်မှုဟာ စက်တင်ဘာမှစတင်မှ ဖြစ်ပေမဲ့ အခြားပဲဈေးတွေ ကျဆင်းနေတာကြောင့် မတ်ပဲ ဈေးလည်း လိုက်ပါကျဆင်းနေပါတယ်။ဒါပေမဲ့ လတ်တလောပဲစိုက်ပိုျးတဲ့ အချို့ဒေသတွေမှာ မိုးဆက်တိုက်ရွာသွန်းပြီးရေလွှမ်းမိုးမှုတွေဖြစ်နေခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေး စေနိုင်ပါတယ်။ လက်ရှိဈေးကွက်တွေမှာ မတ်ပဲရရှိနိုင်မှု နည်းနေပြီး မတ်ပဲအသစ် ဈေးကွက်ဝင်ရောက်မှု နောက်ကျမယ်ဆိုရင် ကာလတိုအတွင်း မတ်ပဲ ဈေးကျဆင်းမှုကို ကန့်သတ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ Sources: PTI