Main menu

Background

အခွန်ဆောင်ပြီးကားများသာ အဝယ်ရှိပြီး ပုံမှန်ကားများ အရောင်းများ အဝယ်ရှားနေ

Thu, 09/09/2010 - 04:34 -- Anonymous (not verified)

အခွန်ဆောင်ပြီးကားများသာ အဝယ်ရှိပြီး ပုံမှန်ကားများ အရောင်းများ အဝယ်ရှားနေ                                             ယခုနှစ်ဇူလိုင်လအတွင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့သည့် လိုင်စင်မဲ့ကားများ ၈၅ရာခိုင်နှုန်း အခွန်ငွေပေးသွင်းကာ တရားဝင်ယာဉ် မှတ်ပုံတင်ပေးခြင်းသည် သက် တမ်းတစ်လစွန်းစွန်း ရှိလာသည့်အချိန်တွင် အခွန်ပေးသွင်းပြီး  ယာဉ်မှတ်ပုံတင် သည့်လူအတော်အသင့် များလာပြီး နေရာစုံမှ ရန်ကုန်ကားဈေးကွက်နှင့် မန္တလေး ကားဈေးကွက်အခြေပြု၍နောက်ဆုံးအက္ခရာဖြင့် ကားသစ်ကားဆန်းများဈေး ကွက် အတွင်းသို့ အတော်များများ ဝင်ရောက်လာကြောင်း သိရသည်။       ဈေးကွက်အတွင်း ဝင်ရောက်လာသော အခွန်ဆောင်ပြီးကားများသည် ပုံစံ အဆန်းအသစ်များဖြစ်ခြင်း၊ ကားသန့်ခြင်းများကြောင့် လူအများ စိတ်ဝင်စားကြပြီး ဝယ်ယူရန်ရည်ရွယ် ထားသူများမှာလည်း ဈေးကွက်အတွင်း ရှိနှင့်ပြီးဖြစ်သည့်ကား ဟောင်းများထက် ယခု လတ်တလော ရောက်ရှိလာသည့် အက္ခရာ (၄ဂ/) ထွက် ကားသန့်များကိုသာ ဝယ်ယူတတ်ကြောင်း၊ အပေါ်ဝိုင်း (ဟံသာဝတီတွင်) ယခင်ရှိ ပြီး ကားဟောင်းများ ရောင်းသည့်လူများကာ အဝယ်ရှားနေပြီး တစ်စီးတစ်လေ ဝယ်မည့်သူရှိပါကလည်း အခွန်ဆောင်ပြီး နောက်ဆုံးထုတ် အက္ခရာထွက် ကား များနှင့် ယှဉ်သော်ရောင်းပန်းမလှဖြစ်နေသဖြင့် ဈေးနှိမ်ကာ ဝယ်တတ်ကြောင်း သိရသည်။       ယခုအခါ အပေါ်ဝိုင်းနှင့် အခြားနေရာများတွင် လူမေးများ၊ လူကြိုက်များ သည်မှာ ပုံစံထူးခြားလှသည့် (၄ဂ/) ယာဉ်များဖြစ်ပြီး ကွက်ပျောက်ကားများ (ယခင် အရောင်းအဝယ်သိပ်မဖြစ်၊ လိုင်းမဝင်ဟု သတ်မှတ်ထားသည့်ကား)သာ ဖြစ်ကာ ဂျပန်နိုင်ငံ လုပ်ကား များသာမက ထိုင်းနိုင်ငံလုပ်ကားများလည်း ပါဝင်နေကြောင်း သိရသည်။ ၎င်းတို့၏ ဈေးတန်းမှာ အသွင်ဆန်းမော်ဒယ်ဖြစ်သဖြင့် ဈေးများသည်ဟု မဆိုသာဘဲ အလှအပကြိုက်သူများမှာ ကွက်ပျောက်ကားများ ဝယ်စီးကြကြောင်း၊ ပြီးခဲ့သည့် မိုးဦးကျကာလက သိန်း ၇ဝဝ စွန်းစွန်းခန့် ဈေးကွက်ရခဲ့သော (၂ဝဝ၁) မော်ဒယ်လ် အစစ်စတာ(ဖင်ခုန်း)၊ ဗင်များမှာ ယခုအခါ သိန်း ၅ဝဝ စွန်းစွန်းဖြင့်သာ ဝယ်ယူလာနိုင်ပြီး ဈေးကွက်ပျောက်မော်ဒယ်လ်မြင့်  ကားများမှာလည်း ထိုဈေး နီးနီးပင် ခေါ်ယူသဖြင့် ဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေကြောင်း သိရ သည်။       သို့ဖြစ်၍ လတ်တလောကား ဈေးကွက်အခြေအနေအားမေးကြည့်ရာ အခွန် ဆောင် လိုင်စင်ဝင်ပြီး မော်ဒယ်လ်မြင့် အက္ခရာမြင့် ကားများ လတ်တလော ရောင်း ပန်းလှနေပြီး ၂ဝဝ ကျပ်သိန်းဝန်းကျင် (၄ဂ/) ထွက် ကားသန့်များ အဝင်ရှိနေသဖြင့် ယခုအချိန်တွင် တတ်နိုင်သလောက်ငွေကြေးဖြင့် နောက်ဆုံးထုတ်အက္ခရာမြင့် ကား စီးနိုင်ကြောင်း အပေါ်ဝိုင်းဝါရင့်အကိုျးဆောင် ကိုမြင့်ကျော် မှပြောသည်။