Main menu

Background

အထွက်ကောင်းမယ်မျှော်လင့်ချက်ကြောင့် အိန္ဒိယပဲမိုျးစုံဈေးနှုန်း လျော့ကျဖွယ်ရှိ

Wed, 09/01/2010 - 04:37 -- Anonymous (not verified)

   မုတ်သုန်မိုးအချိန်မှန် ရွာသွန်းမှုရှိတာကြောင့် သီးနံှထွက်ရှိမှု အလား အလာကောင်းလာတဲ့အတွက်  အိန္ဒိယမှာ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ မတ်ပဲလို ပဲမိုျးစုံ ဈေးနှုန်းများ လာမယ့်လတွေမှ ကျဆင်းဖွယ်ရှိတယ်လို့ သြဂုတ်လ ၂၆ ရက်နေ့မှာ ကုန်သည်များက ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းအကျဘက်သွားနေတဲ့ သတင်းများ ကလည်း ပြည်တွင်ဈေးနှုန်းကို ကျဆင်းစေပါတယ်။ သြဂုတ်လ ၂ဝ ရက်နေ့တိုင်အောင် ပဲမိုျးစုံစိုက်ဧရိယာဟာ ဟက်တာ ၁ဝ ဒသမ ၅၈ သန်းရှိပြီဖြစ်လို့ ယခင်နှစ်ထက် ရာခိုင်နှုန်းအားဖြင့် ၂ဝ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။     မကြာသေးမီက စိုက်ပိုျးရေးဌာနအတွင်းဝန် ပီကေဘာဆူက ၂ဝ၁ဝ-၂ဝ၁၁ မှာပဲမိုျးစုံတန်ချိန် ၁၆ ဒသမ ၅ သန်းအထိ ထွက်ရှိနိုင်တယ်လို့ ခန့်မှန်း ပြောကြားထားပါတယ်။ ပဲတီစိမ်းဈေးနှုန်းဟာ ယခုလအစပိုင်းကတည်းက တစ်တန်ကို ရူပီး ၇ဝဝဝ-၈ဝဝဝ (ကန်ဒေါ်လာ၁၅ဝ-၁၇၂) ကျဆင်းပြီး တစ်တန်ရူပီး ၄ဝဝဝဝ-၄၉ဝဝဝ (ကန်ဒေါ်လာ ၈၅၉-၁ဝ၅၂)ဈေးဖြစ်ခဲ့ပါတယ်။ လက်ရှိပဲ ဲအသစ်ရောင်းချမှု တိုးတက်နေတာကြောင့် ဆက်လက်ကျဆင်းဖွယ် ရှိတယ်လို ှSumitra Trading ကုမ္ပဏီပိုင်ရှင် အရန်ကူးမားက ပြောကြားပါတယ်။ အဓိကစိုက်ပိုျးတဲ့ အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာ၊ အာကိုလာ၊ ဂျယ်နာနဲ့ မဟာရှ်တရာတို့ရဲ့ ဈေးကွက်ထဲကို ပဲအသစ်တွေ စတင်ဝင်ရောက်နေပြီလို့ ဆိုပါတယ်။    သြဂုတ်လ ၂ဝ ရက်နေ့အထိ ပဲတီစိမ်းစိုက်ပိုျးပြီးစီးမှုဟာ ဟက်တာ ၂ ဒသမ ၅ သန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၂ ဒသမ ၂ သန်းထက် ၃ သန်းပိုမိုနေပါတယ်။ ရန်ကုန် မတ်ပဲ SQ ဈေးကလည်း ပြည်ပဈေးကွက် အရောင်း အဝယ်နည်းလို့ လှောင်လက်များ ထုတ်ရောင်းလာကြတဲ့အတွက် ပြီးခဲ့တဲ့ ၂၅ ရက်အတွင်း ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၄) လျော့ကျပြီး တစ်တန်ကို ရူပီး ၅၅ဝဝဝ -၅၅၅ဝဝ (ကန်ဒေါ်လာ ၁၁၈၁-၁၁၉၂) ဈေးနဲ့ ရောင်းချခဲ့တယ်လို့ အခြားကုန်သည်တစ်ဦးကလည်း ဆိုပါတယ်။    စက်တင်ဘာလလယ်မှာ မတ်ပဲအသစ်စတင်ဝင်ရောက်တော့မှာဖြစ်လို့ ဈေးထပ်မံကျဆင်းနိုင်တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မဟာရပ်ရှ်တရာ၊ မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ် တို့မှာ မိုးရေကောင်းကောင်းရရှိတာကြောင့် မတ်ပဲစိုက်ဧရိယာဟာ ဟက်တာ ၂ ဒသမ ၁၈ သန်းရှိပြီး ယခင်နှစ်ကာလတူ ဟက်တာ ၁ ဒသမ ၉၆ သန်းနဲ့ နှိုင်းယှဉ်ရင် ဟက်တာ ၂ သိန်းကျော်ပိုမိုကြောင်း သိရပါတယ်။                                                                                                      ယမင်းခင်၊Sources: Financial Express