Main menu

Background

အနိမ့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မုံရွာပဲစင်းငုံဈေးကွက်

Mon, 09/06/2010 - 05:00 -- Anonymous (not verified)

    အနိမ့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မုံရွာပဲစင်းငုံဈေးကွက်      ၂ဝဝ၈-၂ဝဝ၉ ခုနှစ်ထွက် ပဲစင်းငုံဈေးဟာ ရာသီအပိတ်မှာ တစ်တင်း ၃၈ဝဝဝ ကျပ်အထိ ဈေးကောင်းခဲ့တဲ့ အတွက် ၂ဝဝ၉-၂ဝ၁ဝ ထွက်ပေါ်ခဲ့တဲ့ ပဲစင်းငုံများကို ကုန်သည်အများစု ဝယ်ယူသိုလှောင်ခဲ့ကြပါတယ်။ ထွက်ပေါ်ကာလ တစ်လျှောက်လုံး လှောင်လက်၊ ရန်ကုန်၊ မန္တလေးဝယ်လက်ပါအပြိုင်ဆွဲခဲ့လို့ ပဲစင်းငုံ ဈေးဟာ ၂၅ဝဝဝ ကျပ်မှ ၂၇ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။                                 အိန္ဒိယဝယ်လက်ဆွဲချိန်မှာ ပဲစင်းငုံဈေးဟာ အများမျှော်လင့်သလို ဈေးကမြင့်တက်မှုမရှိဘဲ တဖြည်းဖြည်း လှောင်လက်ဈေးထက် ကျဆင်းခဲ့ပြီး သြဂုတ် လ နောက်ဆုံးပတ်မှာ တစ်တင်း ၂ဝဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့ တာကို တွေ့ရပါ တယ်။      ယခုအခါ လှောင်လက်ကုန်သည်များက အခြားသီးနံှများကို ပြောင်းလဲ ပြီး အရောင်းအဝယ် ပြုလုပ်ဖို့ ပဲစင်းငုံကို လက်ရှိပေါက်နေတဲ့ အနိမ့်ဈေးတစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ထုတ်ရောင်းလာကြတဲ့အတွက် နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။                                                                                                 အောင်မင်း