Main menu

Background

အရည်အသွေးအလိုက် အဝယ်လိုက်နေတဲ့ ရှမ်းချင်း

Tue, 09/07/2010 - 10:33 -- Anonymous (not verified)

အရည်အသွေးအလိုက် အဝယ်လိုက်နေတဲ့ ရှမ်းချင်း         ချင်းဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ သီးနံှတွေကို ဝယ်လို အားကောင်းချိန်မှာ သိမ်းကြုံး ဝယ်ကြပြီး၊ ဝယ်လိုအားနည်း တဲ့အခါမှာ ရွေးလာ ပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာလည်း ပစ္စည်းပေါ် မူတည်ပြီး ဝယ်လာ တယ်လို့သိရပါတယ်။ ပစ္စည်း ကောင်းတွေကိုတော့ တစ်ပိဿာ ၁ဝ၅ဝ ကျပ်အထိပေးပြီး ဝယ်ယူနေသလို အရည်အသွေးအနည်းငယ်ညံ့တဲ့ ချင်းနီတွေကတော့ တစ်ပိဿာ ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးနဲ့ မုံရွာ၊ ပြည်က ဝယ်လက်တွေပြန် အဝယ်လိုက်လာပါတယ်။ ချင်း (ဥမ) တွေကလောနယ် ကသာ ဝင်နေပြီး၊ အဝင်က လည်း နည်းလာပါတယ်။ ၅ ရက်တစ်ဈေးမှာ ပိဿာချိန် ၅ဝဝဝ လောက်သာ အဝင်ရှိတော့တယ်လို့ ပွဲရုံ တွေကသိရပါတယ်။ လက်ကျန်နည်းလာပေမဲ့ အောက်တို ဘာလဆန်းမှာ ချင်းတက်အသစ်တွေ ဈေးကွက်ကိုပြန်ဝင်လာတော့မှာ ဖြစ်ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်မှ ၂၇ဝဝ ကျပ်ဈှေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅၅ဝ ကျပ်ဈေးရှိပါ တယ်။                                                                                                                                    ဧဧခိုင်