Main menu

Background

အရောင်းအဝယ်အေးပြီး ဈေးအေးတဲ့ ပဲတီစိမ်း

Tue, 09/07/2010 - 09:07 -- Anonymous (not verified)

အရောင်းအဝယ်အေးပြီး ဈေးအေးတဲ့ ပဲတီစိမ်း        ပြည်ဈေးကွက်သို့ ယခုရက်ပိုင်းအတွင်း ပဲတီစိမ်းအဝင်နည်းလာသလို အရောင်းအဝယ်လည်း အေးလာခဲ့ တယ်လို့ သိရပါတယ်။ သြဂုတ်လဆန်းပိုင်းမှာ အခြားတိုင်းမှအဝင်ရှိခဲ့သော်လည်း လကုန်ပိုင်းတွင် ပြည်မြို့နယ် တစ်ဝိုက်ရှိ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲမြို့နယ်တို့မှသာ ပဲတီစိမ်းအဝင်ရှိခဲ့ပါတယ်။ တစ်ရက် လျှင် အိတ် ၁ဝဝ မှ ၁၅ဝ အထိအဝင်ရှိပြီး၊ အရောင်းအဝယ် ဖြစ်မှုပမာဏကတော့ တစ်ရက်ကို အိတ် ၃ဝ မှ ၅ဝ အထိဖြစ်ခဲ့ ပါတယ်။ လက်ကားဈေးနှုန်းမှာ တစ်တင်းလျှင် ၂၁ဝဝဝ ကျပ်သာရှိခဲ့ပြီး၊ မိုျးသမားများ အဝယ်ရှိလျှင် အရည်အသွေးပေါ်မူတည်ပြီး တစ်တင်း ၂၅၅ဝဝ ကျပ်ထိ ဈေးပေးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ အတွင်း ပဲတင်ပို့မှုအခြေအနေမှာ ရန်ကုန်သို့ ၃၅ဝဝ အိတ်၊ မန္တလေးသို့ ၇ဝဝ အိတ်ခန့် တင်ပို့ခဲ့ပြီး၊ စုစုပေါင်း အိတ် ၄၂ဝဝ ခန့် တင်ပို့ခဲ့ကြောင်းသိရပါတယ်။                                                                                                             ခင်ဆွေဝင်း