Main menu

Background

အရောင်းအေး ဈေးအေးလာတဲ့ မန်းပြောင်းဈေးကွက်

Mon, 09/13/2010 - 09:22 -- Anonymous (not verified)

 အရောင်းအေး ဈေးအေးလာတဲ့ မန်းပြောင်းဈေးကွက်             မန်းဈေးကွက်အတွင်းတွင် ပြောင်းဖူးစေ့ဟာ ရောင်းဝယ်မှုအားကောင်းခဲ့ သလို တရုတ်သို့ အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါ တယ်။ ဇူလိုင်လမှာ ဈေးနှုန်းတွေလည်း  အားကောင်းခဲ့ပြီး သြဂုတ်လမှတော့ ပြောင်းဖူးစေ့ဈေးကွက်ဟာ တဖြည်းဖြည်း ဈေးအေးလာတာကို တွေ့ရပါတယ်။ ဈေးအေးပေမဲ့ ရောင်းဝယ်မှုဖြစ်ခဲ့ပါတယ်။ ယခုစက်တင်ဘာလမှာ ပြောင်းဖူး စေ့ အသစ်များဝင်ရောက်မှု ရှိလာသလို ပစ္စည်းအဟောင်းလက်ကျန်ရှိတဲ့ ကုန်သည် များလည်း ရှိနေပါတယ်။ ပစ္စည်းအသစ်၊အဟောင်းတွေရှိပေမဲ့ တရုတ် ဝယ်လက် အေးလာခြင်း ၊ ဒေသတွင်း တိရစ္ဆာန်  အစာစပ်သမားများ၊ အရက်ချက် လုပ်ငန်းရှင် များမှလည်း ကုန်ကြမ်း လိုသလောက်သာ ဝယ်ယူနေခြင်း၊ တရုတ်ယွမ်ငွေဈေးတွေ ကျဆင်းလာခြင်းတို့ကြောင့် ဈေးကွက်အတွင်း အရောင်းအေးလာသလို ဈေးနှုန်းမှာ လည်း တဖြည်းဖြည်းနိမ့်လာတာတွေ့ရပါတယ်။ စက်တင်ဘာလ ဒုတိယပတ်မှာ ပြောင်းဖူးစေ့ (ရှမ်း) တစ်ပိဿာ ၂၉၆ ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)က ၂၇၈ ကျပ် ဈေးဖြင့်သာ ရောင်းဝယ်နေကြပါတယ်။ တရုတ် တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ၁၅၃၉ တန်တင်ပို့မှု ရှိခဲ့ကြောင်း သိရပါတယ်။                   ကျော်ကျော်မိုး