Main menu

Background

အိန္ဒိယပဲဈေးကွက်

Fri, 09/03/2010 - 06:35 -- Anonymous (not verified)

တစ်ပတ်အတွင်း အိန္ဒိယပဲဈေးကွက်သတင်းသြဂုတ်လ ၁၄ ရက်မှာ အာလူးနဲ့ ကြက်သွန်နီ အပါအဝင် ဟင်းသီးဟင်းရွက်ဈေးနှုန်း ကျဆင်းခဲ့တာကြောင့် ငွေကြေးဖောင်းပွမှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲမိုျးစုံ၊ဆန်နဲ့ဂုံျ အပါအဝင် နံှစားသီးနံှဈေးနှုန်းကတော့ ၇ဒသမ ၁ရာခိုင်နှုန်း မြင့် တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။  မတ်ပဲဈေးလျော့ကျအိန္ဒိယပြည်တွင်းမတ်ပဲဈေးဟာ ယခင်တစ်ပတ်အထိ ခိုင်မာမှု ရှိနေရာမှ ယခုတစ်ပတ်မှာတော့ အကျဘက်ကိုသွားနေတာ တွေ့ ရပါတယ်။ မတ်ပဲခွဲခြမ်း အဝယ်အသင့်အတင့်ရှိပေမဲ့  မိုးရာသီ ပဲ အထွက်ကောင်းမယ့် မျှော်လင့်ချက်က ဈေးနှုန်းမြင့်တက်မှုကို ကန့် သတ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တောင် ပိုင်းက ပဲအသစ်ဝင်ရောက်မှု တိုးတက်လာတော့မှာဖြစ်ပေမဲ့ လာမယ့်သီတင်းပတ်မှာ မိုးသည်းထန် ဖွယ်ရှိခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေးစေဖွယ်ရှိပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ ဈေး နှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်-