Main menu

Background

အိန္ဒိယမတ်ပဲဈေး မာလာ

Mon, 09/06/2010 - 04:03 -- Anonymous (not verified)

 လှောင်လက်များဝယ်ယူမှုကြောင့် အိန္ဒိယမတ်ပဲဈေး မာလာလှောင်လက်များဝယ်ယူသိုလှောင်မှုကြောင့် လက်ငင်းဈေးကွက်အတွင်း မတ်ပဲဈေးတစ်တန်ကို ရူပီး ၁ဝဝဝ ခန့် မြင့်တက်ပြီး ရူပီး ၅၁ဝဝဝ-၅၂ဝဝဝ  (ကန် ဒေါ်လာ ၁၁ဝဝ-၁၁၂၁) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ဈေးမြင့်တက်လာပေမဲ့ ပဲစိုက်ဧရိယာမြင့်တက်တာကြောင့် ကုန်သည်များက ဈေးနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကုလားပဲ လှောင်လက်များဟာ လက်ထဲမှာရှိတဲ့ ကုလားပဲတွေထုတ်ရောင်းပြီး မတ်ပဲနဲ့ ပဲတီစိမ်း တွေ ပြန်လည်ဝယ်ယူသိုလှောင်မှုတွေ ရှိလာလို့  ဈေးမြင့်တက်လာခြင်း ဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မတ်ပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅) မြင့်တက်ပြီး ရူပီး ၇၅ဝဝဝ (ကန်ဒေါ်လာ ၁၆၁၇) နဲ့ ဈေးပိတ်ခဲ့ တယ်လို့ သိရပါတယ်။                                                                                                    ယမင်းခင်Sources: P T I