Main menu

Background

အိန္ဒိယ STC မှ ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းမယ်

Tue, 09/07/2010 - 07:43 -- Anonymous (not verified)

အိန္ဒိယ STC မှ ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းမယ်       အိန္ဒိယနိုင်ငံပိုင် STC ကော်ပိုရေးရှင်းဟာ စက်တင်ဘာနဲ့ နိုဝင်ဘာလ အတွင်း တင်ပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါတင်သွင်းသူများအနေနဲ့ မြန်မာ၊ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက်ပဲများကို တင်သွင်းရမှာဖြစ်ပြီး တင်ဒါနောက်ဆုံးရက်က စက်တင်ဘာ ၁ဝ ရက်နေ့ထိဖြစ်တယ်လို့ သိရပါတယ်။    တင်သွင်းမယ့်ပဲများမှာ မြန်မာမတ်ပဲ FAQ  တန်ချိန် ၂ဝဝဝ၊ SQ တန်ချိန် ၂ဝဝဝ၊ မြန်မာပဲစင်းငုံလီမွန် တန်ချိန် ၂ဝဝဝ၊ ပဲတီစိမ်း FAQ  တန်ချိန် ၂ဝဝဝ စီနဲ့ စုစုပေါင်း တန်ချိန် ၈ဝဝဝ ပါဝင်ပြီး ကျန်ပဲများမှာ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက် ကုလားပဲ၊ ပဲနီလေးနဲ့ စားတော်ပဲစိမ်းများ ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ချန်နိုင်းနဲ့ တူကီကိုရင်ဆိပ်ကမ်းများကို တင်ပို့ရ မယ်လို့ သိရပါတယ်။                                                                                    ယမင်းရွှွှွှွှွှွှွှွှေစင် Sources: commodityonline