Main menu

Background

၂ဝ၁၁ ခုနှစ်မှစ၍ GCE မှ IGCSE သို့ ပြောင်းလဲမည်

Thu, 05/13/2010 - 03:38 -- Anonymous (not verified)

    ကမ္ဘာ့နိုင်ငံအားလုံးက လက်ခံထားသော  အခြေခံပညာအဆင့် စာမေးပွဲများတွင် ကမ္ဘာ၏စံသတ်မှတ်ချက်ဖြစ်သော London GCE စာမေးပွဲ ကို ၂ဝ၁ဝခုနှစ်မေလ ၁ဝ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်မေလမှ စတင်၍ International General Certificate of Secondary Education (IGCSE) သို့ပြောင်းလဲပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဘိုင်အိုက ပြောကြားသည်။    ''GCE စာမေးပွဲက ဘာသာရပ်တစ်ခုကို ၂ ရက်ဖြေရတယ်။ One Paper နဲ့ Two Paper ဖြေရတဲ့အတွက် အမှတ်နှစ်ရာဖိုး ဖြေခိုင်းထားတယ်။ ၅ ဘာသာအတွက် ၁ဝ ရက်ဖြေခိုင်းတယ်။ အနည်းဆုံး ကျောင်းသားတစ်ယောက်က ၅ ဘာသာဖြေရတယ်။ ဒီထက်မက ဖြေချင်ရင်ဖြေလို့ရတယ်။ ဒါက ကိုယ့်စိတ်ကြိုက်ရွေးတဲ့အပေါ်မှာမူတည်တယ်။ အခု IGCSE ပြောင်းသွားတဲ့အ တွက်ဖြေရမှာက နှစ်ဆဖြစ်သွားတယ်။ အမှတ်က ၂ဝဝ ဖိုးဆိုပေမယ့်မေးခွန်းက အရင် Chapter ခုဆိုရင်အခု Chapter ရှစ်ခု ဖြစ်သွားပြီ။ ဒီရှစ်ခုအောက်မှာကို မေးခွန်းငယ်လေးတွေက အများကြီးရှိသေးတယ်။ IGCSE ကိုလည်း ကျွန်တော်တို့ဆီမှာ မတ်လကတည်းကစသင်နေပြီ''ဟု ဒေါက်တာဘိုင်အိုက ပြောသည်။    ယခုမေလ ၁ဝ ရက်နေ့တွင် GCE စာမေးပွဲကို ကျင်းပမည်ဖြစ်ပြီး ဖြေဆိုရာတွင် ကျရှုံးသည့်ကျောင်းသားများအတွက် နောက်ဆုံးအခွင့်အရေးအဖြစ် ၂ဝ၁၁ ဇန်နဝါရီလတွင်ပြန်လည်၍ ဖြေဆိုနိုင်မည်ဖြစ်ပြီး ၂ဝ၁၁ မေလမှစတင်၍ IGCSE စာမေးပွဲကိုသာ ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။