Main menu

Background

Brother ရဲ့ 6-in-1 ကာလာလေဆာ ပရင်တာ

Sat, 05/01/2010 - 07:18 -- Anonymous (not verified)

   ဂျပန်နိုင်ငံလုပ် Brother အမှတ်တံဆိပ် ပရင်တာ ဟာ Print, Fax, Copy, Scan, Pc Fax နဲ့ Internet Fan စတဲ့ လုပ်ငန်းခြောက် မျိုးကို လုပ်ဆောင်နိုင်ပါတယ်။ ကာလာလေဆာပရင်တာ ဖြစ်ပါတယ်။ Wirless Network ချိတ်ပြီး သုံးနိုင်ပါတယ်။ Memory က 128 MB နဲ့ အမြန်နှုန်းက 300 MHz ရှိတဲ့ processor ပါပါတယ်။ ရောင်စုံမင်ကုန်သွားရင် အဖြူအမည်း မင်ဘူးကို အစားထိုး သုံးနိုင်ပါတယ်။ ပရင့် resolution က 2400 x 600 dip ရှိပြီး ပရင့်ထုတ်ပေးနိုင်တဲ့နှုန်းက တစ်မိနစ်ကို A4 အရွက် ၂ဝ နှုန်း ထုတ်ပေးနိုင်ပါတယ်။ Network ချိတ်ပြီး သုံးတဲ့နေရာမှာ Lock, Colour Usage ပါရှိပါတယ်။ ကင်မရာနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တိုက်ရိုက် ပရင့် ထုတ်နိုင်တဲ့အပြင် USB Drive ထဲက ဖိုင်တွေကိုလည်း တိုက်ရိုက်ပရင့်ထုတ်လို့ရပါတယ်။  ဈေးနှုန်းက  ကျပ် တစ်ဆယ့်ခြောက်သိန်း ကျော် ဝန်းကျင်ဈေးရှိပြီး  ပုဇွန် တောင်မြို့နယ် ၅၁ လမ်းက Alliance Star Co,.Ltd မှာ ဝယ်လို့ရပါတယ်။