Main menu

Background

Online Application Development ကို အထူးလေ့ကျင့်သင်ကြားပေးမည့်လုပ်ငန်းခွင်သင်တန်း (0JT) ဖွင့်လှစ်မည်

Thu, 05/13/2010 - 03:22 -- Anonymous (not verified)

    အိုင်တီလုပ်ငန်းခွင်သို့ ဝင်ရောက်လို သည့် ကျောင်းသား၊ ကျောင်းသူများ၊ Software Development အတွေ့အကြုံမရှိသေး သည့် အိုင်တီလုပ်ငန်းခွင်များမှ လူငယ်များအတွက် Online Application Development ကို အထူးလေ့ကျင့်သင်ကြားပေးမည့် လုပ်ငန်းခွင်သင်တန်း On Job Training တစ်ခုကို မြန်မာအင်ဖိုတက်စ်အတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။    ''အိုင်တီလုပ်ငန်းရှင်တွေ  အနေနဲ့အိုင်တီဘွဲ့ရတွေဟာ  အိုင်တီနည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုရန် မရည်ရွယ်ဘဲ အိုင်တီပညာရပ်ကို ဇွတ်ရွေးချယ်လာကြတာလားလို့သုံးသပ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒါမှမဟုတ် Demand က နည်းသွားတာ လား၊ Supply ကများလာတာလား၊ ဒါမှမဟုတ် Demand Skills နဲ့ Supply Skills လွဲနေတာလား ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ပြီးမှအိုင်တီနဲ့ပတ်သက်တဲ့ HRDကို ပြုလုပ်သင့်တယ်။ အိုင်တီနည်းပညာကို သုံးနှစ်လေ့လာသင်ယူ  ဆည်းပူးပြီးမှ အတွေ့အကြုံမရှိလို့အလုပ်မရ။ အလုပ်မရရှိလို့အတွေ့အကြုံမရှိဖြစ်နေတဲ့ ကျောင်းသားတွေအတွက်  နှစ်ခါနစ်နာရုံ  မက မိဘတွေအတွက်လည်း  ပညာသင်စရိတ် ဆုံးရှုံးရသလိုပါပဲ'' ဟု M3WI မှ ဆရာမတစ်ဦးက ပြောကြားသည်။    အဆိုပါသင်တန်းကို  နိုင်ငံတကာဆော့ဖ်ဝဲ  ရေးသားပြုလုပ်မှု အတွေ့အကြုံ ၁ဝ နှစ်ကျော်ရှိပြီးသော ဆရာကိုယ်တိုင်မှ ဦးဆောင်သင်ကြားပို့ချလေ့ကျင့်ပေးမည်ဖြစ်ပြီး သင်တန်းချိန်အားဖြင့် နာရီပေါင်း ၃ဝဝ ကျော်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။ Programming ဘာသာရပ်များကို ကျွမ်းကျင်ရုံမျှမက ကိုယ်ပိုင်ဆော့ဖ်ဝဲ ထုတ်လုပ်မှုအတွေ့အကြုံရင့်ကျက်ပြီးသော ဆရာတစ်ဦးအနေဖြင့်  လက်တွေ့လုပ်ငန်းသုံး ဆော့ဖ်ဝဲတစ်ခုကို  စတင်ဖန်တီးခြင်း၊ တည်ဆောက်ခြင်း၊  ပြုပြင်မွမ်းမံခြင်းတို့ကို ကျောင်းသူ၊ ကျောင်းသားများ တွေးခေါ်တတ်အောင်နှင့် လက်တွေ့ပြုလုပ်နိုင်အောင် စနစ်တကျရှင်းလင်းသင် ကြားပေး မည်ဖြစ်သည်။    ၎င်းအပြင် OJT ဆင်းပြီး ကျောင်းသား တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လုပ်ဆောင်ချက်များအပေါ်မူတည်၍ အလုပ်အကိုင် ရှာဖွေနိုင်ရန် အလုပ် ထောက်ခံစာ  ထုတ်ပေးမည့်အပြင် အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ သို့လည်း အခမဲ့ပေးပို့ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်းနှင့်  အသေးစိတ် သိရှိလိုပါက ဖုန်း-၆၅၂၂၈၈ သို့ ဆက် သွယ်မေးမြန်းနိုင်သည်။