Main menu

Background

အာဆီယံအတွက် ခိုင်မာတဲ့ မူဘောင် လိုအပ်

Sun, 06/24/2012 - 04:07 -- Anonymous (not verified)

    အာဆီယံနိုင်ငံများအတွင်းမှာ ခြား နားချက်တွေ ရှိနေတယ်ဆိုတာကို လက်ခံထားတဲ့အတွက် အထောက် အကူ ဖြစ်စေမဲ့ ဘဏ္ဍာရေးဖွဲ့စည်းမှုက အနာဂတ် ဖွံ့ဖြိုးမှုအတွက် အရေးပါ တယ်လို့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ( WEF )  မှာ ဆွေးနွေး ကြသူတွေက ပြောပါတယ်။ ဘဏ် လုပ်ငန်းစနစ်အပါအဝင် ရှိရင်းစွဲဘဏ္ဍာ ရေးယန္တရား အာဆီယံငွေအရင်းအနှီး ဈေးကွက်တွေက ကုမ္ပဏီကြီးတွေကို မျက်နှာသာပေး အလေးထားသလို ဖြစ် နေတဲ့အတွက် အသေးစားနဲ့ အလတ် စား လုပ်ငန်းများအတွက် ဘဏ္ဍာငွေ လိုအပ်နေတတ်ကြောင်း  Abraaj Capital  Asia   မှ အမူဆောင်အရာရှိချုပ် အိုမာလောဒီက ပြောပါတယ်။
    "စီးပွားရေးလုပ်ငန်းစွမ်းဆောင်မှု စိတ်ဓာတ်ကဒေသတွင်းမှာ ထက်ထက် သန်သန်ရှိထားပြီးသား ဖြစ်ပါတယ်။ တကယ်လို့ မှန်မှန်ကန်ကန် တွန်းတင် ပေးနိုင်ရင် ကုန်ထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုမှာ အများကြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်" လို့ ယခင်သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံ ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာ WEF  ဆွေးနွေးပွဲမှာ သူကပြောပါ တယ်။
    အာရှရဲ့ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးမှုမှာ လူလတ်တန်စား အရွယ် အစား ထူးထူးခြားခြားတိုးတက်လာမှာ ဖြစ်ပြီးရေ အရင်းရှားပါးမှုစတဲ့ပြဿနာ တွေကြုံတွေ့နိုင်ကြောင်း မစ္စတာ လော့ဒီက ပြောပါတယ်။ ယူရိုအကျပ် အတည်းက အာရှဒေသစီးပွားရေး ပေါင်းစည်းရေးကို ဂယက်ရိုက်ခတ်နိုင်ပါ တယ်။ ဒါပေမဲ့  "ပိုမိုကောင်းမွန်တဲ့ ကြီးကြပ်ထိန်းသိမ်းမှုဆိုင်ရာမူဘောင်''  နဲ့နက်နက်ရှိုင်းရှိုင်းပေါင်းစည်းမယ်ဆိုရင် အာရှအတွက်အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ကြောင်း သူကပြောပါတယ်။
    လက်တင်  အမေရိကမှာ ရှိတဲ့ ငွေကြေးဈေးကွက်အစီအစဉ်နဲ့ အလား တူတဲ့ အာရှ အာဆီယံ ဖွံ့ဖြိုးရေး ဘဏ်တစ်ခု ထူထောင်ဖို့ အာဆီယံ နိုင်ငံတွေက စဉ်းစားသင့်ကြောင်း၊ ဒါမှ ရေရှည်ဘဏ္ဍာရေးထောက်ပံ့မှုလိုအပ် ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပြီး ဘဏ်စနစ်ရဲ့ ရေတို စီးပွားရေးလုပ်ငန်း အာရုံစိုက်မှုကို ကျော်လွှား အောင် မြင်နိုင်မှာဖြစ်ကြောင်း ကိုလံဘီယာ တက္ကသိုလ်မှ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ဂျိုးဇက်စတစ်ဂလစ်က ပြော ပါတယ်။
    ဒီလိုယန္တရားက  ငွေဖြစ်လွယ်မှု မြင့်မားနေချိန်မှာ မှန်ကန်တဲ့ထိန်းချုပ်မှု မရှိတဲ့အတွက် ဖြစ်ပေါ်ရတဲ့ ချေးငွေ ပူဖောင်းဖြစ်ပေါ်မှုမျိုးက ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။
Source.bangkokpost.com