Main menu

Background

ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကို အာဆီယံကဆွဲဆောင်

Wed, 07/24/2013 - 12:06 -- ydnar

သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုပတ်ဝန်း ကျင်ကို တိုးတက်ကောင်းမွန်အောင် ပြု ပြင်ပေးခြင်းအားဖြင့် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများက လွန်ခဲ့တဲ့နှစ်နှစ် အတွင်း ဂျပန်စီးပွားရေးလုပ်ငန်းတွေကို အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာန VNS မှာ ဖော် ပြထားပါတယ်။

အာဆီယံဒေသတွင်းရှိ ဂျပန်ကုန် သည်ကြီးများနဲ့ စက်မှုလုပ်ငန်းအသင်း ဝင်ဦးရေမှာ ၂၀၁၀ ပြည့်နှစ်က ၄၅၀၀ သာရှိခဲ့ရာမှ ယခုအခါ ၅၇၀၀ အထိ တိုးတက်လာကြောင်း ဇူလိုင် ၁၂ ရက် နေ့က ဟနွိုင်းမြို့မှာပြုလုပ်တဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အသင်းတို့ရဲ့ (၆) ကြိမ်မြောက်ဆွေးနွေး ပွဲမှာ အသင်းဥက္ကဋ္ဌမာတိုနိုဘူဆာတိုက  ပြောပါတယ်။
ဒီအခြေအနေကိုကြည့်ရင် အာ ဆီယံဒေသမှာဂျပန်ကုမ္ပဏီတွေ ရင်းနှီး မြှုပ်နှံကြဖို့ သန္နိဌာန်၊ခိုင်မာမှုရှိနေတာ ကို ပြသလျက်ရှိကြောင်းနဲ့ ဂျပန်နိုင်ငံက အဓိကအားဖြင့် မော်တော်ကားအစိတ် အပိုင်း၊ လျှပ်စစ်နဲ့လျှပ်စစ်အသုံး အဆောင်၊ ဓာတုဆေးဝါး၊ လူသုံးကုန် ပစ္စည်းနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ တွေမှာ အထူးသဖြင့်ဆောင်ရွက်လျက်ရှိ ကြောင်းသူက ပြောပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) အသားတင်စီးဝင်မှုအရ ပြောမယ်ဆိုရင် အာဆီယံမှာဥရောပသမဂ္ဂပြီးရင် ဂျပန် နိုင်ငံက အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပါ တယ်။ အာဆီယံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိတဲ့အတွက် အုပ်စုတွင်းစုစု ပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၇ ရာခိုင်နှုန်းရှိ ကြောင်း ၂၀၁၁ ခုနှစ်က နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းဇယားများမှာ တွေ့ ရပါတယ်။
အာဆီယံဒေသတွင်းမှာရှိတဲ့ ဂျပန် ကုန်ချောထုတ်လုပ်သူတွေက သူတို့ရဲ့ အိမ်ရှင်နိုင်ငံတွေမှာရော တခြားအာဆီ ယံအဖွဲ့ဝင်နိုင်ငံတွေမှာပါ ဒေသတွင်း ဝယ်ယူစုဆောင်းမှုအချိုးက တစ်စစ မြင့် တက်လျက်ရှိပါတယ်။ အာဆီယံအခြေ စိုက်ဂျပန်ကုန်ချောထုတ်လုပ်သူတွေ အသုံးပြုတဲ့ကုန်ကြမ်းနဲ့ အစိတ်အပိုင်း တွေဝယ်ယူစုဆောင်းမှုရဲ့ ၅၀ က အာဆီယံနိုင်ငံတွေကဖြစ်ကြောင်း ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့ (ဂျက်ထရို) ကထုတ်ပြန်တဲ့စစ်တမ်းအရသိရပါတယ်။