Main menu

Background

နိုင်ငံစုံခရီးသွားလုပ်ငန်းမဟာဗျူဟာ ချမှတ်ဖို့ အာဆီယံကနှိုးဆော်

Wed, 07/24/2013 - 12:07 -- ydnar

တီထွင်ဖန်တီးမှုရှိတဲ့ ခရီးသွား လုပ်ငန်း “Experiental and Creative Tourism”  ဆိုတဲ့အချက်ကို ဦး စားပေးပြီး နိုင်ငံစုံခရီးသွားအစီအစဉ် တွေဖော်ဆောင်ကြဖို့ အဖွဲ့ဝင်၁၀ နိုင်ငံ က ခရီးသွား လုပ်ငန်းအော်ပရေတာ တွေကို အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) က တိုက်တွန်းထားကြောင်း ဂျာကာတာပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုခရီးသွားအစီအစဉ်မျိုးက ပိုမို ထိရောက်တဲ့ခရီးသွားအတွေ့အကြုံကို ရှာဖွေနေတဲ့ ခရီးသွားဖောက်သည်တွေ ကြားမှာ အလားအလာကောင်းတွေရှိ နေတဲ့အမျိုးအစားဖြစ်ကြောင်း အာဆီ ယံခရီးသွားလုပ်ငန်းမှ ထုတ်ကုန်ဖွံ့ဖြိုး ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဦးအောင်ဇော်ဝင်း ကပြောပါတယ်။ ဒီအစီအစဉ်က အာဆီ ယံ ၁၀ နိုင်ငံအတွင်းမှာရှိတဲ့ ယဉ်ကျေး မှု၊ မြေပြင်အနေအထား၊ ပြည်သူများ၊ သစ်ပင်တိရစ္ဆာန်၊ အစားအစာ၊ လက်မှု လုပ်ငန်း၊ ဖျော်ဖြေရေး၊ ဈေးဝယ်ခြင်း၊ အပန်းဖြေရေးနဲ့ စိတ်လှုပ်ရှားမှုရှိတဲ့ ကိစ္စ ရပ်တွေမှာ အကန့်အသတ်မရှိအတွေ့ အကြုံပေးစွမ်းနိုင်မဲ့ အစီအစဉ်ဖြစ်တယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။
“ကျွန်တော်တို့အခုရှိတဲ့ဦးတည် ချက်အသစ်က ပတ်ဝန်းကျင်နဲ့ယဉ် ကျေးမှုနဲ့ပတ်သက်ပြီး အတွေ့အကြုံ သစ်ပေးပြီး တီထွင်ဖန်တီးမှုရှိတဲ့ ခရီး သွားလုပ်ငန်းဖြစ်ပါတယ်။ စစ်မှန်တဲ့ ခရီးသွားအတွေ့အကြုံမှာ ယဉ်ကျေးမှု အမွေအနှစ်၊ အနုပညာရဲ့ အာဆီယံ ခရီးသွားဒေသတွေရဲ့ အထူးဝိသေသ စရိုက်လက္ခဏာတွေကို အဓိပ္ပာယ်ပြည့် ဝစွာ ထိတွေ့နိုင်ဖို့ဖြစ်ပါတယ်” လို့ ဦးအောင်ဇော်ဝင်းက ပြောပါတယ်။
ကြေညာချက်အရ ယခုအခါ အာဆီယံအတွေ့အကြုံနဲ့တီထွင်ဖန်တီး မှုရှိတဲ့ အရှေ့တောင်အာရှတစ်ခွင်နိုင်ငံစုံ အစီအစဉ်ခြောက်ခုချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ ပါဝင်တဲ့အစီအစဉ် တွေက"The Tastes of Southeast Asia", "ASEAN, a Tropical Paradise", "World class Cities", "Experience Diverse Traditions", "Sport and Relaxation" နဲ့ "Diverse Contemporary Creativity" တို့ဖြစ်ပါတယ်။
နိုင်ငံစုံခရီးစဉ်တွေဆောင်ရွက် ပေးမဲ့ ခရီးသွားလုပ်ငန်းအော်ပရေတာ ၂၀ ရဲ့ ကနဦးစာရင်းကို  ASEAN   ခရီး သွားဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါ တယ်။ အာဆီယံ ၁၀ နိုင်ငံလုံးအကျုံး ဝင်တဲ့ အစီအစဉ်တွေကိုလည်း ထပ်မံ ရရှိဦးမှာဖြစ်ပါတယ်။