Main menu

Background

စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အိန္ဒိယ FDI ထိန်းချုပ်မှုကို လျှော့ချ

Mon, 04/08/2013 - 15:43 -- ydnar

ပြည်ပမှငွေကြေးများအမြောက်အမြားဝင်လာစေဖို့နဲ့ အကြီးအကျယ် နှေး ကွေးနေတဲ့ စီးပွားရေးတိုးတက်မှု ကိုမြှင့်တင်ဖို့အတွက် အိန္ဒိယနိုင်ငံကနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အထိန်းအချုပ်များကိုထပ်မံလျှော့ချ မှာ ဖြစ် ကြောင်း အိန္ဒိယဏ္ဍာရေးဝန်ကြီးက မတ် ၁၈ ရက်ကပြောပါတယ်။ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်လက်လီရောင်းချမှု လုပ်ငန်းမှလေကြောင်းသွားလာရေးလုပ်ငန်းအဆုံးကဏ္ဍအသီးသီးမှာ FDI ထိန်းချုပ်မှုတွေကို ကွန်ဂရက်ပါတီဦးဆောင်တဲ့အစိုးရကစက်တင်ဘာအတွင်းက လျှော့ချပေးခဲ့ပါတယ်။

"တချို့ ထိန်းချုပ်မှုတွေက လုံးဝအရေးမကြီးတော့ပါဘူး။ ဒါကြောင့် ထိန်း ချုပ်မှုအတော်များများကိုဖယ်ရှားပေး လို့ရပါတယ်။ ဒါမှမဟုတ် လျှော့ချ ပေးလို့ ရပါတယ်" လို့ ဘဏ္ဍာရေးဝန်ကြီးပီချီဒမ်ဘရမ်ကပြောကြောင်း Press Trust of India  သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဘယ်နယ်ပယ်တွေက FDI အထိန်းအကွပ်တွေကိုလျှော့ပေးမယ် လို့ ခွဲခွဲခြားခြားပြောကြားတာ တော့မရှိ ပါဘူး။
တယ်လီဖုန်းဆက်သွယ်ရေးက အစပြုပြီးဘဏ်လုပ်ငန်းအထိ FDI ကို ၁၀၀ ရာခိုင်နှုန်းအောက်လျှော့ချ ထားတဲ့နယ်ပယ်တွေက အများကြီးရှိနေပါ တယ်။ ဒါပေမဲ့ ပြည်ပကပါဝင်လာတာတွေကိုပိုမိုခွင့်ပြုပြီး အစိုးရကနိုင်ငံ ကို နိုင်ငံခြားသားတွေဆီရောင်းစားနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲနေတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုကန့်သတ်ချက်တွေလျှော့ချပေးတာက နိုင်ငံရေးအရ အကဲဆက်တဲ့လုပ်ရပ်ဖြစ်နေပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မတ် ၃၁ ရက်မှာ ကုန် ဆုံးမဲ့ဘဏ္ဍာနှစ် မှာ၅ ရာခိုင်နှုန်းပဲရှိမယ်လို့ ခန့်မှန်းထားတဲ့အတွက် ဆယ်စု နှစ်တစ်ခုအတွင်းအနှေးကွေးဆုံးတိုးတက်နှုန်းဖြစ်ပါတယ်။ မကြာသေးမီက တင်သွင်းခဲ့တဲ့ဘတ်ဂျက်မှာတစစကြီးထွားနေတဲ့ နိုင်ငံခြားငွေပေးငွေယူရှင်းတမ်း လိုငွေကို ထောက်ပံ့ဖို့အတွက် နိုင်ငံခြားငွေတွေ ဝင်လာအောင်ဆွဲဆောင်ဖို့လို ကြောင်းကို ဘဏ္ဍာရေးဝန်ကြီးက မီးမောင်းထိုးပြထားပါတယ်။