Main menu

Background

စင်ကာပူနိုင်ငံက ဟိုတယ်ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

Thu, 05/08/2014 - 04:12 -- ydnar

 

စင်ကာပူနိုင်ငံက ဟိုတယ် ၁၁ ခုကို အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေကိုရောင်းချခဲ့တဲ့အပြင် စင်ကာပူမှာရှိတဲ့ ဟိုတယ်တွေ ကလည်း အပြည်ပြည်ဆိုင်ရာဟိုတယ်လုပ်ငန်းကွင်းဆက်တွေကို ပိုမိုရရှိအောင် ဆွဲဆောင်စည်းရုံးလျက်ရှိကြောင်း

ယခု ရက် သတ္တပတ် စောစောပိုင်းကထုတ်ပြန်တဲ့ ဘလွမ်းဘတ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
Accor SA  နဲ့ InterContin-ental Hotels Group  တို့က စင်ကာပူကျွန်းမှာ အိမ်ရာအဆောက်အအုံတွေ ထပ်မံဆောက်လုပ် လျက်ရှိပါတယ်။ Accor က ပြင်သစ်ဟိုတယ်အုပ်စုတစ် ခုဖြစ်ပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ လုပ်ငန်းများဆောင်ရွက်နေတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီ ရုံးချုပ်က ပြင်သစ်နိုင်ငံမှာရှိပြီး တိုက်ကြီး ၅ တိုက် မှာ လုပ်ငန်းခွဲ ဟိုတယ်ပေါင်း ၃၆၀၀ ကို အမှတ် တံဆိပ်အမျိုးမျိုးခွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်ရွက်နေတဲ့ ဟိုတယ်တွေထဲမှာ ဈေးသက်သာတဲ့ ဟိုတယ်တွေကနေ ဇိမ်ခံဟိုတယ်ကြီးများ အထိပါဝင်ပါတယ်။
InterContinental Hotels Group က ဗြိတိသျှပိုင်နိုင်ငံစုံ ဟိုတယ် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ယူကေနိုင်ငံ ဒင်ဟမ်းမှာ ရုံးချုပ် ထားရှိပါတယ်။ ပိုင်ဆိုင်မှုအခန်းတွေအရ ကမ္ဘာမှာအကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဟိုတယ်ပေါင်း ၄၆၀၀ ကျော်ကို ဆောင်ရွက်လျက်ရှိပါတယ်။
ယခုအခါ စင်ကာပူရှိဟိုတယ်တွေရဲ့တစ်နေ့တာ ဟိုတယ်အခန်းခတွေက အာရှမှာရှိတဲ့ အမြင့်ဆုံးနှုန်းထဲမှာပါဝင်ပါတယ်။ ဟိုတယ်ရင်းနှီးမြှုပ်နှံသူတွေအတွက် ကောင်းမွန်တဲ့အခြေခံဖြစ်ပေမဲ့ အသုံးစရိတ်စစ်စစ်ကုပ်ကုပ်နဲ့ အပျော်ခရီးထွက်ကြမဲ့သူတွေ အတွက် ဆွဲ ဆောင်မှုသိပ်မရှိနိုင်ပါဘူး။
Accor ကလည်း စီးပွားရေးလုပ်ငန်းနဲ့သွားတဲ့ ခရီးသွားတွေအတွက် ရည်မှန်းထားပြီး ဇိမ်ခံအမျိုးအစားအဆင့်မြင့် ဟိုတယ်တွေ ကို စီးပွားရေးလုပ်ငန်းရပ်ကွက်တွေမှာ နောက်လက စတင်ဖွင့်လှစ်ပါမယ်။ Accor က ၂၀၁၆ ခုနှစ်ကစပြီး စင်ကာပူမှာ Ibis Style ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီ Ibis Style ကအပိုကုန်ကျစရိတ်မပါဘဲ အခန်းခထဲမှာနံနက်စာနဲ့ အင်တာနက်ဆက်သွယ် မှု တွေပါထည့်သွင်းပေးထားပါတယ်။
InterContinental ကစင်ကာပူရဲ့ နိုက်ကလပ်တွေရှိရာ Clarke Quay မှာ Holiday Inn Express ကို မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပါတယ်။
စင်ကာပူမှာ ယခင်နှစ်က ဟိုတယ် ၁၁ လုံးကို ရောင်းချခဲ့ရာတန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၂ ဒသမ ၄၅ ဘီလီ ယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံရှိခဲ့ပါတယ်။