Main menu

Background

Avatar ကြောင့်တရုတ်ပြည်က တောင်တွေကို နာမည်ပြောင်းမှည့်ရပြီ

Tue, 02/09/2010 - 07:06 -- Anonymous (not verified)

   ထူးခြားဆန်းကြယ်လှတဲ့ လေထဲ မှာ လွင့်ဝဲနေသလိုဖြစ်နေတဲ့ တောင် ထွတ်များရှိရာ တရုတ်ပြည် ဟူနန်ပြည် နယ်က တောင်တွေ ကို Haven and Earth Pillar, South Sky Pillar ရယ်လို့ အစဉ်အဆက် ခေါ်ဝေါ်ခဲ့ကြတာဖြစ် ပါတယ်။ အဆိုပါတောင်စွယ် တောင် ထွတ်တွေဟာ ဟူနန်ပြည်နယ် Wuling Yuan ရှုခင်းဒေသတွေမှာ ပါဝင်နေတာ ဖြစ်ပြီး လေထဲမှာလွင့်ဝဲနေတဲ့ တိုင်လုံး ပုံသဏ္ဍာန် ကျောက်တိုင်တွေကြောင့် ထင်ရှားကျော်ကြားနေတာဖြစ်ပြီး UNESCO အဖွဲ့ကလည်း ကမ္ဘာ့အမွေ အနှစ် ရှုခင်းဒေသအဖြစ် ၁၉၉၂ ခုနှစ် မှာ သတ်မှတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   Avatar ရုပ်ရှင်ဇာတ်ကား တရုတ် ပြည်တစ်လွှားရုံတင်ပြီးနောက်မှာတော့ ဇာတ်ကားထဲမှာပါဝင်နေတဲ့ တောင် ထွတ်တောင်စွယ် ရှုခင်းတွေဟာ အဆို ပါ ဟူနန်ပြည်နယ်က ရှုခင်းရှုကွက်တွေ အတိုင်း ဖြစ်နေတာမို့ ဒေသခံ Zhangjiajieအာဏာပိုင်တွေက ယခင် နာမည်အစား Avatar Hallelujah တောင်ရယ်လို့ နာမည်သစ်မှည့် ခေါ်လိုက်ပါပြီလို့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် လိုက်ပြီး သက်ဆိုင်ရာ အစိုးရဝဘ်ဆိုက် မှာလည်း ဖော်ပြထားတာတွေ့ရပါ တယ်။ ဟောလိဝုဒ်က ဓာတ်ပုံဆရာ တစ်ယောက်ဟာ ၂ဝဝ၈ ဒီဇင်ဘာလ တုန်းက အဆိုပါ ဟူနန်တောင်ထွတ် များ ရှိရာဒေသမှာ ၄ ရက်ခန့်နေထိုင် ခဲ့ပြီး ဓာတ်ပုံတွေရိုက် သွားတာတွေဟာ ယခု Avatar  ဇာတ်ကားမှာတွေ့နေရတဲ့ ရှုခင်းတွေအတိုင်းပဲဖြစ်ပါတယ်လို့ ဒေသတွင်းထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဟူနန်ဒေသက ကမ္ဘာကျော် တောင်ထွတ်တောင်စွယ် ရှုခင်းတွေကို ကောမတ်စ်ပရိသတ်များ အတွက် အမှတ်တရဖော်ပြပေးလိုက် ပါတယ်။