Main menu

Background

အင်တာနက်ရရှိသည့်မည်သည့်နေရာမှမဆို ပို့ကုန်သွင်းကုန်လိုင်စင်များ ကို လျှောက်ထားနိုင်သည့် Fully Online Licensing စနစ်ကို ဇွန်လ(၇) ရက်နေ့ မှ စတင်လျောက်ထားနိုင်တော့မည်

Mon, 06/06/2016 - 13:57 -- journal_editor

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အင်တာနက်ရရှိ သည့်နေရာတိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင်များ ကို လျှောက် ထားနိုင်သည့် Fully Online Licensing စနစ်ကို ၂၀၁၆ ဇွန်လ (၇) ရက်နေ့မှ စတင်ြပီး #အောက်ပါပို့ကုန်သွင်းကုန် ကုန်ပစ္စည်းအမယ်များနှင့် စတင်လျောက်ထား နိုင်ပြီဖြစ်ပါသည်။ #CMP (အထည်ချုပ်)လိုင်စင်များ အတွက် ၂၀၁၆ ခုှနှစ် ဇူလိုင်လဆန်းတွင် စတင်ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး ကျန် ကုန်ပစ္စည်းအမယ်များအား အဆင့်လိုက်တိုးမြှင့် ထုတ်ပေးသွားမည်ဖြစ် ပါ သည် ။
              ပို့ကုန်သွင်းကုန် လိုင်စင်များအား ထုတ်ပေးရာမှာ ယခင်ကလုပ်ဆောင်ခဲ့တဲ့ Local Online စနစ်မှ Fully Online Licensing System သို့ ဇွန်လအတွင်းမှ စတင်၍ အဆင့်မြှင့်တင် လုပ်ဆောင်တော့မှာဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ Website ဖြစ်သော www.myanmartrade.com.mm မှတဆင့် member ဝင်ထားသူများသည် အင်တာနက်ရရှိသည့် မည်သည့်နေရာမှ မဆို လျှောက်ထားနိုင်တော့မည်ဖြစ် ပါသည်။