Main menu

Background

Thursday, 28 Nov 2019

         ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းမည်ဆိုသည့် သတင်းထွက် ပေါ်လာသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဟူသော သတင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက တာဝန်ပေးချက်အရ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယင်းဝန်ကြီး ဌာနနှစ်ခုပူးပေါင်း ဖွဲ့စည်းမည်ကို ပြည်ထောင်စုလွှတ်တော်တွင် နိုဝင် ဘာ ၁၅ ရက်ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ရှင်းလင်းတင်ပြခဲ့ သည်။ ရှင်းလင်းတင်ပြရာတွင် လက်ရှိစက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ သည် နိုင်ငံပို

Thursday, 28 Nov 2019

       ပြည်တွင်းရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း အတက်အကျများဖြစ်ပေါ် ခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ်ပြန် တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၂၀ဝ၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း  ယခုရက် သတ္တပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၅၀ဝ၀ ထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ ရွှေကတော့ ပြည်တွင်းမှာနည်းနည်းတက်သွားပေမယ့်ကမ္ဘာ့ရွှေကတော့တည်ငြိမ်နေပါတယ်။ ဈေးကွက်ထဲမှာ တော်တော် များများကလည်း ပြောနေကြတာ ရှိတယ်။ ရွှေဈေးက  ထပ်ကျဦးမယ်ဆိုပြီး ပြောနေကြတယ်။ အဲဒါကြောင့်လည်း ဝယ်မယ့်သူတွေက အခြေအနေပေါ်ကြည့်ပြီး တက်လိုက်ကျလိုက်ဖြစ်နေတာပါမယ်။ အဝယ်တအား

Thursday, 28 Nov 2019

      မုံရွာကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့်  ပဲမျိုးစုံဈေးကွက်အခြေအနေမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကုလားပဲ မျိုးစုံ နေ့စဉ်တင်းပေါင်း ၇၀ဝ မှ၈၀ဝအထိ အရောင်း အဝယ် ဖြစ်ပြီး V2 တစ်တင်းပေါက်ဈေးနှုန်းမှာ ကျပ်၂၇၅၀ဝ၊ ထိုင်ဝမ် တစ်တင်း ကျပ်၂၈၀ဝ၀၊ ၉၂၉ တစ်တင်း ကျပ်၂၇၀ဝ၀၊ V3 V7  ကျပ် ၂၆၂၀ဝ နှုန်းပေါက်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ပြန်တက်လာသည်ကို တွေ့ ရသည်။

Thursday, 28 Nov 2019

      (၁၁)ကြိမ်မြောက်ကမ္ဘာ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲ ကို နိုဝင်ဘာ ၁၂ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပ ခဲ့ရာ  ဗီယက်နမ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ကျော်ဖြတ် ပြီး ပထမဦးဆုံးအကြိမ်အဖြစ်    ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင်  ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ် သော Vietnam’s ST24 ဆန်သည် ထိုင်းနိုင်ငံ၏ Hom Mali  ဆန်ထက် အနံ့မွှေးကြိုင်မှုတွင်  ယှဉ်ပြိုင်နိုင်စွမ်းမရှိသော် လည်း ဆန်လုံးရှည်လျားမှု၊   ဆန်သားနူးညံ့မှုနှင့် အရသာ ကောင်းမွန်မှုစသည့်အချက်များတွင် ထိုင်းဆန်ထက် သာလွန် ကောင်းမွန်ခြင်းကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ   လယ်ယာစိုက်ပျိုးရ

Thursday, 28 Nov 2019

         ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ  ဖွင့်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်  တက်ရောက်အမှာစကား  ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုတိုးမြှင့်ရေးကြိုးပမ်းမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ

Thursday, 28 Nov 2019

      ပြည်တွင်း သကြားဈေးကွက်တွင် ယခု ၂၀၁၉ ခုနှစ်၌ သကြား တစ်ပိဿာ လျှင် ကျပ် ၉၅၀ နှုန်းဖြင့် အနိမ့်ဆုံးပေါက်ဈေး ရောက်ရှိနေပြီး ပြင်ပရှိ အမှန် တကယ် ရောင်းဝယ်နေသည့် ဈေးကွက်၌ တစ်ပိဿာ ကျပ် ၉၃၀ ဝန်းကျင်သာ ရှိသောကြောင့် ၁၀ နှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေသည်ဟု ဆိုနိုင် ကြောင်း ယင်းဈေးကွက်မှ သိရသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပြည်တွင်းသကြားတစ်ပိဿာ ကျပ် ၁၀၅၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ကျပ် ၉၅၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး သကြားကုန်စည်ဒိုင်ပေါက်ဈေးနှင့် ပြင်ပဝယ်ရောင်းပေါက်ဈေးမှာ အနည်း ငယ်ကွာဟမှုရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက

Monday, 25 Nov 2019

       တရုတ်နိုင်ငံယူနန်ပြည်နယ်သည်ဝဥ၏ မူလဇာတိဖြစ်ပြီး အရှေ့အာရှ တစ်လွှားသို့ပျံ့နှံ့ခဲ့သည်ဟုဆိုပါသည်။ ဂျပန်အမည်ဖြစ် သော  Konjac ဟုလည်း ထင်ရှားကျော်စောပါသည်။  Konjac ကို  Yam Cake ခေါ် ကျောက်ကျောတုံးပုံမုန့်အဖြစ်လည်း ထင်ရှားလူ ကြိုက်များပြီး ဝဥမှ ပြုလုပ်သော  “ Shirataki” ခေါ် ခေါက်ဆွဲမှာ လည်း ဂျပန်တွင်ကျော်ကြားပါသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပြီး ယခုအခါ ပြည်ပတင်ပို့မှု များပြားလာသဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ်လာကြသည်။

လက်ရှိဝဥကမ္ဘာဈေးကွက်

Monday, 25 Nov 2019

        မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊  စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တောင်သူလယ်သမားကြီးများ သည်

Monday, 25 Nov 2019

         စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့ အနောက်ဘက် ချင်းတွင်း မြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည်။ ဆားလင်းကြီး မြို့နယ်ပိုင်းတောင်ကြီးကျေးရွာနှင့် အခြားကျေးရွာအတွင်း နေထိုင်သူများသည် ယခင်ကဆားချက်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပြီး ဆားချက်ရာတွင်နေ့ရာညပါ ဆားချက်နိုင်ရန် အတွက် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာနအလိုက် ရွာတည်သောကြောင့် ဆားလင့်ဟု ခေါ်တွင်ပြီး လူနေ အိမ်ခြေ စည်ကားတိုးတက်လာသဖြင့် ကြီးတစ်လုံးတိုးကာ ဆားလင့်ကြီးဟု ခေါ်ဆို ရာမှ ကာလကြာရှည်ရာမှဆားလင်းကြီးဟုခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။ ထိုနည်းတူစွာ ဆားလင်းကြီး မြို့နယ်အတွ

Monday, 25 Nov 2019

        နှစ်လနီးပါးကြာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသည့် Yangon Water Bus ရေယာဉ်ပြေးဆွဲမှုများကို ယခု နိုဝင်ဘာလအတွင်း  ရေယာဉ်အသစ်များ အသုံးပြု၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း  Yagon Water Bus လုပ်ပိုင်ခွင့် ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။ ယင်းသို့ ရပ်နားထားခြင်းသည်  မိုးရာသီအတွင်း ဆိပ်ကမ်းများပျက်စီးနေခြင်းကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီး စားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ် များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ် ခွင့် ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေး ချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက်ဖြစ် ကြောင်း သိရသည်။ ယခုက

Pages