Main menu

Background

ကမ္ဘာ့ဝယ်လိုအားနှင့် တရုတ်ပို့ကုန်

Fri, 01/29/2010 - 04:57 -- Anonymous (not verified)

တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုး မှုသည် ပို့ကုန်အပေါ်အမှီပြုလွန်းနေ ခြင်းကြောင့် စီးပွားရေး မတည်မငြိမ် ဖြစ်မှာ အလွန်စိုးရိမ်ရကြောင်း တရုတ်ပြည် အမျိုးသားပြည်သူ့ ကွန်ဂရက်တွင်      ဝန်ကြီးချုပ်က သတိပေးခဲ့ဖူးသည်။ သို့သော်လည်း "ကမ္ဘာ့ပို့ကုန်ရောင်းချမှု တွင် အချိုးအဆ ပိုမိုပါဝင် လာစေရန် တရုတ်နိုင်ငံပို့ကုန်များကို ဆက်လက် တိုးမြှင့်ရောင်းချသွားမည်"ဟု ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်း များအရလည်း တရုတ်ပို့ကုန်ရောင်းချမှု ပမာဏသည် ၁၃ လဆက်တိုက် ကျဆင်းလာခဲ့ရာမှ ယမန်နှစ်က ပမာဏထက် ပိုမိုမြင့်တက်လာကြောင်း တွေ့ရသည်။ ၂၀၀၉ ခုနှစ်တစ်နှစ်လုံး တွင် ပို့ကုန် အရောင်း ၁၇%ခန့် ကျ ဆင်းခဲ့သည်ဆိုသော်လည်း အခြားနိုင်ငံ များတွင် ပို့ကုန်အရောင်း ကျဆင်းမှု ထက် နည်းနေသေးသည်။ ၁၉၉၉ခုနှစ် က တရုတ်ပို့ကုန်သည် ကမ္ဘာပို့ကုန် ပမာဏတွင် ၃ %သာရှိခဲ့ရာမှ ယခု ၁၀%အထိ ခုန်တက်လာပြီး၊ ဂျာမနီ နိုင်ငံကိုကျော်တက်ကာ ကမ္ဘာတွင် ပို့ ကုန်အများဆုံး တင်ပို့သည့်နိုင်ငံအဆင့် သို့ ရောက်နေပေပြီ။ အမေရိကန် ဈေးကွက်သို့ တရုတ် ကုန်ပစ္စည်း တင်သွင်းမှုသည် ၂၀၀၈ ခုနှစ် ပထမဆယ်လအတွင်းကထက် ၂၀၀၉ခုနှစ် အလားတူကာလ အတွင်း ၁၅%ကျဆင်းခဲ့သော်လည်း၊ ကျန် ကမ္ဘာ့နိုင်ငံများမှ အမေရိကသို့ သွင်း ကုန်ပမာဏမှာ ထိုကာလအတွင်း ၃၃%အထိပင် လျော့ကျခဲ့သည်။  သို့ ဖြစ်ရာ အမေရိကန်နိုင်ငံဈေးကွက်တွင် တရုတ်ပို့ကုန်၏ ဈေးကွက်ဝေစုသည် ၁၉% အထိ အများဆုံးစံချိန်သို့ ရောက် သွားခဲ့သည်။  တရုတ်နှင့် ကုန်သွယ်ရာ ၌ အမေရိကန်ဘက်တွင် ကုန်သွယ်မှု အရှုံးလျော့ကျလာပြီ ဆိုသော်လည်း ၂၀၀၈ ခုနှစ်က အမေရိက၏ စုစုပေါင်း ကုန်သွယ်မှု အရှုံးပမာဏတွင် တရုတ်နိုင်ငံသို့အရှုံးမှာ သုံးပုံတစ်ပုံပင် မပြည့်ခဲ့သော်လည်း ယခု ထက်ဝက် အထိ ရောက်လာသည်။  တရုတ်မှတင်သွင်းသည့် သံမဏိ ပိုက်များအပေါ် သွင်းကုန်ခွန်သစ် တိုး မြှင့်ကောက်ခံရန် အမေရိကန် ကုန် သွယ်ရေးကော်မရှင်က ဒီဇင်ဘာ ၃၀ ရက် နေ့တွင် အတည်ပြုခဲ့ရာ တရုတ်နှင့် ပတ်သက်သမျှ သွင်းကုန်ကန့်သတ်မှု တွင် အကြီးမားဆုံးပြဿနာဖြစ်လာ သည်။ ဥရောပသမဂ္ဂကလည်း တရုတ်မှ တင်သွင်းသည့် ဖိနပ်များအပေါ် ဈေး ကွက်လုယက်မှု ဟန့်တားသည့်သွင်း ကုန်ခွန် (anti-dumping duties) ကောက်ခံမှုကို နောက်ထပ် ၁၅ လ တိုးမြှင့်ကြောင်း ဒီဇင်ဘာလ ၂၂ ရက် နေ့က ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံက ပိုကုန်ဈေးကွက် ဝေစု ပိုရလာခြင်းမှာ တရုတ်အစိုးရက ယွမ်ငွေတန်ဖိုးကို နှိမ့်ထားခြင်း ကြောင့်ဖြစ်သည်ဟု နိုင်ငံခြားသားများ က ယခင်စွပ်စွဲနေကျအတိုင်း ဝေဖန် သုံးသပ်နေကြသော်လည်း ကမ္ဘာ့စီးပွား ရေးတုံ့နှေးနေစဉ်မှာ တရုတ်ပို့ကုန်များ အသာစီး ရနေခြင်းတွင် အခြားအကြောင်း များလည်း ရှိနေသည်။ စားသုံးသူများ တွင် ဝင်ငွေနည်းပါး လာခြင်းကြောင့် ဈေးချိုသည့်တရုတ်ပစ္စည်းကို အသုံး များလာခြင်းနှင့် ၂၀၀၉ခုနှစ် ဇန်နဝါရီ လက အထည်အလိပ်သွင်းကုန် ခွဲ တမ်းကန့်သတ်ချက်ကို အမေရိကန်က ရုပ်သိမ်း လိုက်ခြင်းကြောင့် တရုတ် အဝတ်အထည်များ ဈေးကွက်ဝေစု ပိုရလာခဲ့သည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၏ ၂၀၀၉ ခုနှစ်က ထုတ်ဝေသည့်စာတမ်းတွင် ပို့ကုန် ရောင်းချမှုအပေါ် အမှီပြုနေသည့် တရုတ်ပြည်သည် ဂျီဒီပီတိုးတက်မှုကို ၈%ရောက်အောင် ဆက်လက်ထိန်း သိမ်းထားမည်ဆိုက ၂၀၂၀ပြည့်နှစ်တွင် တရုတ်ပို့ကုန်သည် ကမ္ဘာ့ဈေးကွက် ဝေစု၏ ၁၇%သို့ ရောက်လာလိမ့် မည်ဟု တွက်ချက်ခန့်မှန်းထားသည်။ တရုတ်ပို့ကုန်လွှမ်းမိုးလာမှုအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ "တရုတ်ပြည်သည် ပို့ကုန်ရောင်းချရေး ကို အားပေးရန်အတွက် ယွမ်ငွေတန်ဖိုး ကို ဆက်ထိန်းထားဦးမည်ဆိုက စီးပွား ရေးအကျပ်ဆိုက်နေစဉ်မှာ အလွန် လိုအပ်နေသော ကမ္ဘာ့ဝယ်လိုအားကို တရုတ်တို့က အကုန်စုပ်ယူသွားလိမ့်မည်"  ဟု ၂၀၀၈ခုနှစ်အတွက် နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် ပေါလ်ကရူမင်က နယူးယောက်တိုင်းမ်သတင်းစာတွင် ရေးခဲ့သည်။ တရုတ်ပြည်၏ ကုန်သည် ဝါဒကျင့်သုံးမှုကြောင့် ဓားစာခံဖြစ်ရ မည့်နိုင်ငံများအနေဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆောင်ရွက်ရန် အခွင့် အရေးရှိရမည်ဟု သူကအဆိုပြုခဲ့သည်။  တရုတ် အစိုးရက သွင်းကုန် ပြန်လည်ဝယ်ယူတင်သွင်းမှု တိုးမြှင့်ခြင်း၊ ပြည်တွင်းစားသုံးမှု မြင့်တက်လာစေရန် အစိုးရအသုံးစရိတ်များ ပိုမိုကျခံသုံးစွဲ ခြင်းတို့ဖြင့် ကမ္ဘာ့စီးပွားရေးမညီမျှမှုကို လျော့ပါးအောင် ဆောင်ရွက်နေသည် ဆိုသော်လည်း နိုင်ငံတကာမှ ကိုယ်ကျိုး စီးပွားကာကွယ်ရေး ဖိအားများကိုမူ လျော့ကျသွားစေနိုင်မှာ မဟုတ်ပေ။ ကမ္ဘာ့ ပို့ကုန်ဈေးကွက်တွင် တရုတ်ပို့ကုန်၏ ဝေစု ပိုမိုကြီးမားလာသည်နှင့်အမျှ လက်တုံ့ပြန်မှုများ ပိုမိုများပြားလာမည် ဖြစ်သည်။ ယွမ်ငွေတန်ဖိုးကို မြှင့်ပေး ရန်တောင်းဆိုမှုများလည်း ပိုမိုပြင်း ထန်လာဦးမည်ဖြစ်သည်။ သို့နှင့်ပင် ၂၀၁၀ပြည့်နှစ် နှစ်သစ်တွင် မကျေနပ်မှု အဟောင်းများနှင့် ထပ်မံတွေ့ကြုံ ရင်းဖြင့် ဓာတ်ပြားဟောင်းကိုပင် ဖွင့်ကြ လိမ့်ဦးမည်ဟု ဆိုပါသည်။Ref: The Economistဦးဟန်ထွန်း(အခွန်)