Main menu

Background

ကိုကိုးကျွန်းတွင် ပင်လယ်ရေနက်ငါး တန်ချိန် ၂၀၀၀ ကျော် ရှိဟုဆို

Thu, 01/28/2010 - 09:35 -- Anonymous (not verified)

   ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ သုတေသနပြုလေ့လာချက်များအရ ကိုကိုးကျွန်းတွင် ပင်လယ်ရေနက် ငါးတန်ချိန် ၂၀၀၀ ကျော် ရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဦးမြင့်ဖေကပြောကြားသည်။   ''ကိုကိုးကျွန်းမှာ  FAO ရဲ့ သုတေသနပြု လေ့လာချက်များအရ ရေနက်ပိုင်းပုစွန်ထုတ်ဟာ ၂၀၁၅ တန် ရှိနေပြီး၊ ရုရှားသုတေသန သင်္ဘောနဲ့ သုတေသနပြုလုပ်တုန်းကလည်း ရေနက်ပိုင်းငါးမျိုးတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်'' ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားသည်။   ''ကိုကိုးကျွန်းဟာ သန္တာကျောက်တန်း၊ ကျောက်ခက်တွေက သဘာဝအနေအထားအတိုင်းရှိနေတုန်းပါ။ သဘာဝရေသယံဇာတ တွေဖြစ်တဲ့ ခရု၊ မျှော့၊ ကျောက်ပုစွန်တွေလဲထွက်ရှိပါတယ်။ ကျွန်းရဲ့ မိုင် ၃၀ အကွာနဲ့ မိုင် ၁၀၀ ကျော်အကွာတို့မှာ ကျောက် ပုစွန ်ဖမ်းကွက်တွေရှိပါတယ်။ ဒါ့အပြင် အိန္ဒိယသမုဒ္ဒရာဘက်ကလာတဲ့ (Tuna) တူနာငါးတွေကိုလည်း ဖမ်းဆီးနိုင်သလို နှစ်စဉ် ဧပြီလ လယ်ကနေပြီး စက်တင်ဘာလကုန်အထိ ကျွန်းထိပ်ကဖြတ်သန်းသွားတဲ့ ငါးတွေကိုလည်း ပိုက်တွေနဲ့ဖမ်းဆီးနိုင်ပါသေးတယ်'' ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးဟန်ထွန်းကပြောကြားသည်။ခင်မျိုးသွယ်