Main menu

Background

ကိုရီးယားရဲ့ အဓိကလုပ်ငန်းခြောက်ခုမှာ လေးခုအခြေအနေကောင်း

Fri, 01/08/2010 - 09:48 -- Anonymous (not verified)

   တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ သံမဏိ၊ စက်ယန္တရားနဲ့ အီလက် ထရွန်းနစ်ပစ္စည်းတွေဟာ လာမဲ့ နှစ်မှာ အခြေအနေ ကောင်းမွန် မယ်လို့ ခန့်မှန်းထားပြီး သင်္ဘော တည်ဆောက်ရေးနဲ့ ဆောက် လုပ်ရေးတွေကတော့ အခက် အခဲတွေကြုံရမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့ကထုတ်ပြန်တဲ့ ကိုရီးယားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (KCCI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း ဈေးကွက် ဝေစု တိုးတက်ရရှိခဲ့တဲ့အတွက် မိုက်ကရိုချစ်တင်ပို့မှုဟာ နှစ်အလိုက်နှုန်း ထားအရ ၂၅ ရာခိုင် နှုန်းတိုးတက်ပြီး ကန်ဒေါ်လာ ၃၈ ဒသမ ၅ ဘီလီယံထိ ရရှိ လာမယ်လို့ ခန့်မှန်းထားပါတယ်။   သင်္ဘော ဆောက်လုပ်ရေး လုပ်ငန်းမှအပ ကဏ္ဍအားလုံးမှ ဝယ်လိုအားတိုးတက်လာတဲ့အတွက် သံမဏိလုပ်ငန်းဟာ နှစ် အလိုက် တိုးတက်မှု ၁၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ လာမဲ့နှစ် မှာ တန်ချိန် ၅၁ ဒသမ ၄ သန်း ခန့် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ထွန်းသစ်စ ဈေးကွက်တွေက ဝယ်လိုအား တွေ တိုးတက်လာတဲ့အတွက် အီလက်ထရွန်းနစ်လုပ်ငန်းကတော့ လာမဲ့နှစ် မှာ ၇ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် သင်္ဘော တည် ဆောက်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ လာမဲ့နှစ်မှာ အခြေအနေကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ အမှာ စာသစ်တွေကျဆင်းမှုနဲ့ ယခင်အမှာစာတွေဖျက်သိမ်းမှုကြောင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်း ဟာ လာမဲ့နှစ်မှာ နှစ်အလိုက်နှုန်းထားအရ ၇ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကတော့ အမှာစာ သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်း နေပါတယ်။