Main menu

Background

ကိုးတန်းအောင်ရုံဖြင့်သင်ကြားနိုင်မည့် အင်္ဂလန်ပညာရေး

Thu, 01/14/2010 - 05:14 -- Anonymous (not verified)

    အင်္ဂလန်နိုင်ငံ Association of Business Executive (ABE) မှ တိုက်ရိုက်ချီးမြှင့်မည့် လက်မှတ်၊ဒီပလိုမာနှင့် အဆင့်မြင့် ဒီပလိုမာလက်မှတ်ရသင်တန်းများကို အထက်မြန်မာပြည်တွင် ပထမဦးဆုံး ABE ၏ Accredited College ဖြစ်သည့် Tip Top : Capacity Development Institute of Myanmar တွင် ၁၄.၁.၂ဝ၁ဝမှ စတင်ဖွင့်လှစ်သင် ကြားပေးမည်ဖြစ်ကြောင်းသိရသည်။    အဆိုပါသင်တန်းများကို ၉တန်း အောင်မြင်ပြီးရုံဖြင့် စတင်တက်ရောက် သင်ကြားနိုင်ပြီး အင်္ဂလန်ပညာရေး၏ ပထမနှစ်နှင့် ဒုတိယနှစ်နှင့်ညီမျှသော အတန်းများကိုမန္တလေးမြို့တွင်ပင် သင်ယူပြီးမြောက်နိုင်ကြောင်း နောက်ဆုံးနှစ်သင်တန်းများကို မလေးရှား၊ စင်္ကာပူ၊ သြစတြေးလျ၊ အင်္ဂလန်၊ နယူးဇီလန်၊ အမေရိကားတို့ရှိ တက္ကသိုလ် ပေါင်း ၇ဝကျော်တွင် ဆက်လက်သင်ယူ ပြီး ''ဘွဲ့''ရရှိနိုင်ကြောင်းသိရသည်။   ABE မှပေးအပ်ချီးမြှင့်သော ဒီပလိုမာများထဲမှ Tip Top တွင် (၁) Business Management (စီးပွား ရေးစီမံခန့်ခွဲမှု) (၂)Marketing  Management(ဈေးကွက်ရှာဖွေ/ခဲျ့ထွင်မှု) (၃) Human Resources  Management (လူသားအရင်းအမြစ် စီမံ ခန့်ခွဲမှု)၊ (၄) Travel. Tourism & Hospitality Management (ဟိုတယ်နှင့်ခရီးသွားလာ ရေးစီမံခန့်ခွဲမှု) ဘာသာရပ်များကို ဒုတိယနှစ်ပြီးမြောက်သည်အထိ သင်ယူနိုင်ကြောင်း သိရသည်။    အဆိုပါဘာသာရပ်များကို ကျောင်းချိန်/ရုံးချိန်လွတ်(အချိန်ပိုင်း) တန်းခွဲများနှင့် အချိန်ပြည့်တန်းခွဲများ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကာ နိုင်ငံခြားတွင်သွားရောက်ပညာသင်စရိတ်၏ ၁ဝရာခိုင်နှုန်းမျှသာကုန်ကျပြီး အချိန်တိုအတွင်း နိုင်ငံတကာအသိ အမှတ် ပြုဒီပလိုမာဘွဲ့များကို ရရှိနိုင်ကြောင်း၊ နယ်မှကျောင်းသူ၊ သားများအတွက် ဘော်ဒါဆောင် (နေထိုင်စားသောက် ရေး) စီစဉ်ထားပါကြောင်း၊ စီးပွာရေး ဘာသာရပ်များကို အမှန်တကယ် စိတ်ပါဝင်စားပြီး ပညာသင်စရိတ် အခက်အခဲရှိသူ မည်သူမဆို ပညာသင်ဆု လျှောက်ထားနိုင်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဝ၁-၅၃၉၇၉၁၊ မန္တလေး ဝ၂-၆၄၃၇၈ ၊ ဝ၉-၅၁၆၂ဝ၆၂၊ လားရှိုး ဝ၈၂-၂၂၂ဝ၂၊ ၂၅၁၂၄ တွင် မေးမြန်းနိုင်ကြောင်းသိရသည်။