Main menu

Background

ကုန်သွယ်မှုအပေါ်မှာ စီးပွားရေးကယ်တင်မှုရဲ့ ဂယက်ရိုက်ခတ်မှုအတွက် ဒဗလျူတီအိုအဖွဲ့ဝင်တို့ သဘောထားကွဲလွဲ

Thu, 01/28/2010 - 03:40 -- Anonymous (not verified)

  စီးပွားရေးကယ်တင်မှုအစီအစဉ် (ဘငေူသကအ)နဲ့ ဘဏ္ဍာရေးစွမ်းအားမြှင့်အစီအစဉ်တွေကြောင့်ဖြစ်လာနိုင်တဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို)ကို တိုက်တွန်းခဲ့ပါတယ်။ ဒီတိုက်တွန်းချက်ကို ဒဗလျူတီအိုရဲ့ ချမ်းသာတဲ့အဖွဲ့ဝင်နိုင်ငံတွေက ဇန်နဝါရီ ၂၂ ရက်နေ့ကပယ်ချခဲ့ပါတယ်။   ငွေကြေးတတ်နိုင်တဲ့ နိုင်ငံတွေမှာ ရှိတဲ့ စက်မှုလုပ်ငန်းတွေကို ကူညီခြင်းအားဖြင့် စီးပွားရေးကယ်တင်မှုတွေက တရားမျှတမှုမရှိတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုမျိုးဖြစ်သွားနိုင်တယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကယုံကြည်ထားပါတယ်။   ဒဗလျူတီအိုကုန်သွယ်ရေးမူဝါဒသုံးသပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ အမေရိကန်လေ့လာဆန်းစစ်ဖို့ အဆိုပြုချက်ကိုပယ်ချခဲ့တယ် လို့ အစည်းအဝေးကိုတက်ရောက်တဲ့ အရာရှိတစ်ဦးကပြောကြားပါတယ်။   ဥရောပသမ္မတကတော့ အဆိုပြုချက်ကို လုံးလုံးလျားလျားတော့ မကန့်ကွက်ပေမဲ့ လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့အတွက် ထပ်မံလေ့လာမှုတွေကိုလုပ်ဖို့လိုသေးတယ်လို့ပြောကြားခဲ့ပါတယ်။   ယခုအဆိုပြုချက်ကို အာဂျင်တီးနားနိုင်ငံကဦးဆောင်တင်ပြတာဖြစ်ပြီး၊ အီကွေဒေါ၊ ကျူဘား၊ ဘရာဇီး၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ထောက်ခံပါတယ်။ ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတွေကတော့ ပုံမှန်အစီရင်ခံစာတွေသာ ယခုနှစ် ဇွန်လမှာတစ်ကြိမ် နိုဝင်ဘာလမှာ တစ်ကြိမ် တင်သွင်းဖို့သဘောတူကြပါတယ်။Source:moneycontrol.comဉာဏ်တင်