Main menu

Background

ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကျင်းပပြုလုပ်မည်

Tue, 01/19/2010 - 06:32 -- Anonymous (not verified)

   ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ-၂ဝဝ၉ကို ဇန်နဝါရီလ၂၅ရက် မှ၂၉ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။    အဆိုပါညီလာခံ၌ သုတေသနစာ တမ်းပေါင်း ၉၂ စောင်ကို ဖတ်ကြားပြီး ပိုစတာ ကားချပ်များလည်း ပြသ ထားမည် ဖြစ်သည်။ထို့အပြင်မြွေကိုက် ရောဂါ၊ အရိုးပွ ရောဂါ၊တုပ်ကွေးရောဂါ၊ မိုျးဆက်ပွား ကျန်းမာရေး၊ ထိခိုက်ဒဏ်ရာ ကာကွယ်ရေး၊ ယနေ့ဂျပန်နိုင်ငံ၏ ဆေးလောကအစရှိသည့် ကျန်းမာရေး ဆွေးနွေးပွဲများကိုပါတစ်ပါတည်း ကျင်းပမည်ဖြစ်သည်။  ယင်းညီလာခံ၌ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး၊ ဓါတ်ခွဲခန်းသုံးကိရိယာ၊ ဖန်ထည်ပစ္စည်းနှင့် ဓါတုပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီများကလည်း ပြခန်းများဖွင့်လှစ်ပြသမည်ဖြစ်ကြောင်းသိရသည်။