Main menu

Background

ကျွန်းမြေထောက်ပဲများ မုံရွာကုန်စည်ဒိုင်ဈေးကွက်ကို စတင်ဝင်ရောက်ပြီ

Fri, 01/29/2010 - 07:00 -- Anonymous (not verified)

      စစ်ကိုင်းတိုင်းမှာ မြေထောက်ပဲကို ကသာခရိုင်မှာ ဧက ၃ သောင်းကျော်၊ မော်လိုက်ခရိုင်မှာ ဧက ၆ ထောင်ကျော်၊ ကလေးခရိုင်မှာ ဧက ၃ ထောင်ကျော်၊ ခန္တီးခရိုင်မှာ ဧက ၇ ထောင်ကျော် စုစုပေါင်း ဧက ၅၄၇ဝဝ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဒီလအတွင်းပဲသစ်များ စတင် ထွက်ပေါ်စပြုနေပြီဖြစ်ပါတယ်။    ချင်းတွင်းမြစ်ဝှမ်း ကျွန်းမြေထောက်ပဲများ ဈေးကွက်လက်လှမ်း မှီရာ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကို တစ်ပတ်ကို အိတ်ရေ ၁၅ဝဝ မှ ၂ဝဝဝ ခန့် စတင်ဝင်ရောက်လို့လာပြီဖြစ်ပါတယ်။     ပဲအရည်အသွေးမှာ ယခင်နှစ်ထက်သာပြီး ဈေးနှုန်းမှာ တစ်တင်းကို ၁၄၅ဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်ထိရှိကာ ဝင်ရောက်ကာလမှာ ယခင်နှစ်ထက် တစ်လခန့်စောကြောင်း သိရပါတယ်။