Main menu

Background

ချက်ဗလက်အမျိုးအစားကားစီးရေ နှစ်သောင်းကျော်ကို ဂျီအမ်ကပြန်သိမ်း

Mon, 01/11/2010 - 07:09 -- Anonymous (not verified)

    ယာဉ်မှ သီးခြားဖြုတ်တပ်လို့ရတဲ့ ကားအမိုးတွေနဲ့ ပတ် သက်ပြီး ပြဿနာရှိနေတဲ့အတွက် ဂျင်နရယ်မော်တာ ကုမ္ပဏီက ချက်ဗလက်ကော်ဗက် ကားစီး ရေ ၂၂ဝဝဝ ကို ပြန်လည်ရုပ် သိမ်းခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စုအမျိုးသား အဝေးပြေး လမ်းသွားလာမှု လုံခြုံဘေး ကင်းရေး အုပ်ချုပ်မှုဌာနက ပြောကြားပါတယ်။     ဒီလို ပြန် သိမ်းတဲ့အခါမှာ ဖြုတ်တပ်လို့ရတဲ့ အမိုးတွေပါတဲ့ ၂ဝဝ၅ ကနေ ၂ဝဝ၇ ခုနှစ်ထုတ် ချက်ဗလက်ကော်ဗက်နဲ့ ၂ဝဝ၆-၂ဝဝ၇ ခုနှစ်ထုတ် ကော်ဗက်ဇက်အိုဆစ်ကားတွေ ပါဝင် ပါတယ်။   အမိုးနဲ့ဖရိန်ကိုဆက်တဲ့ အဆက်ကပြုတ်ထွက်နိုင်ပြီး အသံတွေထွက်၊ အထိုင်မကျနဲ့ အမိုးတွေယိုနေတယ်လို့ဆိုပါ တယ်။ ကားရောင်းသူတွေက အမိုးတွေကို အခမဲ့ပြန်တပ်ပေးမယ်လို့ ဆိုပါတယ်။