Main menu

Background

ချီးကျူးစရာစွမ်းရည်များနဲ့ XPERAI X2

Wed, 01/27/2010 - 15:26 -- Anonymous (not verified)

    Sony Ericsson မှ ထုတ်လုပ်တဲ့ GSM 3G မိုဘိုင်းဖုန်း အမိုျးအစား၊ မော်ဒယ် XPERAI X2 ဖြစ်ပါတယ်။ ဘေးတိုက် Slide ထိုးဖြင့် ဖွင့်ရ တဲ့ပုံစံပါ။ Touch Screen အပြင် QWERTY Keyboardအပြည့်အစုံ ထည့်သွင်းထားပါတယ်။ အလေး ချိန်က 155gm ပဲရှိတာ မို့ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားနိုင်ပါတယ်။ OS အနေနဲ့ Microsoft Windows 6.5 Professional ဖြစ်ပြီး CPU ကတော့ Qualcomm MSM 7200  ဖြစ်ပါတယ်။ Internal Memory 110 MG ပါဝင်ပြီး Micro SD ကတ်နဲ့ 16GB အထိ သုံးနိုင်ပါတယ်။ 3.2 လက်မ TFT touchscreen, 800 x 480 pixel တပ်ဆင်ထားပါ တယ်။  EDGE, GPS, WiFi စနစ်တွေ သုံးပြီး အင်တာနက် ချိတ်ဆက်နိုင်ပါတယ်။ ကင်မရာက 8 megapixel auto focus ဖြစ်ပါတယ်။LED Flash, Touch Focus, Face Detection, Image Stabilizer, Smart Contrast နဲ့ WVGA Video စနစ် ပါဝင် ပါတယ်။  Bluetooth 2.1, Standard Micro USB port, 3.5mm audio jack, TV out တို့နဲ့ ချိတ် ဆက်နိုင်ပါတယ်။ Game ကစားဖို့ လည်း ပါဝင်ပါတယ်။ ဘက်ထရီက 1500 mili-amp per hour သိုလှောင်နိုင်ပါတယ်။ ၎င်း Smart ဖုန်းကို Mr. Fone အရောင်းဆိုင် များမှာ တစ်လုံးလျှင် ကျပ် ခုနစ်သိန်းရှစ်သောင်းနဲ့ ဝယ်ယူနိုင်ပါတယ်။