Main menu

Background

ချေးငွေအကျပ်အတည်းဖြစ်ပေမဲ့ အစိုးရရဲ့ ထောက်ပံ့မှုများကြောင့် တရုတ်ပဲပုပ် ကြိုပွိုင့်ဈေးမြင့်တက်

Tue, 02/02/2010 - 05:12 -- Anonymous (not verified)

    တရုတ်နိုင်ငံမှာ ဘဏ်ချေးငွေအပေါ်တင်းကြပ်မှုများရှိပေမဲ့ ကမ္ဘာ့ပဲပုပ်ဈေးနှုန်းခိုင်မာနေတာရယ် အစိုးရရဲ့ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများနဲ့ ထောက်ပံ့မှုတွေရယ်ကြောင့် Dalian ကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ၂၇ ရက် နေ့က ပဲပုပ်ကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ စက်တင်ဘာလအတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ တစ်တန်ကို တရုတ်ယွမ် ၁၆ (ကန်ဒေါ်လာ ၂ ဒသမ ၃၄၃ )၊ ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး ယွမ် ၃၉၂ဝ (ကန်ဒေါ်လာ ၅၇၄ )ဈေးဖြစ်ခဲ့ပါတယ်။     ချေးငွေရရှိမှုခက်ခဲခြင်းကြောင့် ပြောင်းနဲ့ စားအုန်းဆီကြိုပွိုင့်ဈေးတွေကျဆင်းခဲ့တဲ့အပြင် ရာသီဥတုကောင်းမွန်တာကြောင့် တောင်အမေရိက ပဲပုပ်အထွက်ကောင်းမယ့် အလားအလာတွေက ဈေးနှုန်းကျဆင်းဖို့ ဖိအားပိုဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာ လယ်သမားတွေကို အထောက် အပံ့ဖြစ်စေဖို့ သိုလှောင်မှု တိုးခဲျ့ခြင်း အပါအဝင် လယ်ယာထွက်ကုန်ဈေးနှုန်းမကျအောင် အကာ အကွယ်ပေးခြင်းက အစိုးရရဲ့ ထိပ်တန်းဦးစားပေး မူဝါဒဖြစ်တာကြောင့် ပဲပုပ်ဈေးနှုန်းပြန်လည် ခိုင်မာလာတာဖြစ်တယ်လို့ ရှန်ဟိုင်း JC Intelligence  ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ Tu Xuan က ပြောကြားပါတယ်။ ှ                                                                                                     Sources: moneycontrol .com                                                                                                             ယုဇန