Main menu

Background

ဂျပန်နိုင်ငံက ၂ဝ၂ဝ တွင် အလုပ်အကိုင်လေးသန်းဖော်ထုတ်မည်

Fri, 01/08/2010 - 09:16 -- Anonymous (not verified)

   ခရီးသွားလုပ်ငန်း၊ သဘာ ဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံစီးပွား ရေးတိုးတက်မှုကို တိုးမြှင့်ဖို့အတွက် ဂျပန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်မှာ အလုပ်အကိုင် လေးသန်းဖော်ထုတ်မှာဖြစ်ကြောင်း ဂျပန် အစိုးရက ဒီဇင်ဘာ ၃ဝ ရက်နေ့က ကြေညာပါတယ်။   ဈေးနှုန်း ပြောင်းလဲမှုများ ကို ညှိနှိုင်းပြီးနောက် ဝန်ကြီးချုပ် ယူကီအိုဟာတိုယာမက တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်မှုကို ၂ ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာပါတယ်။ ဝယ်လိုအားကို ယန်းထရီလီယံ ၁ဝဝ (ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ) ရရှိအောင် အစိုးရကဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။   ရည်မှန်းချက်တွေပေါက်မြောက် အောင်ဆောင်ရွက်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စွမ်းအင်ကဏ္ဍ အတွက် အလုပ်အကိုင် ၁ ဒသမ ၄ သန်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အလုပ်အကိုင် ၂ ဒသမ ၈ သန်းနဲ့ အခြား ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို ထူထောင်သွားမှာဖြစ်ပါတယ်။   ဂျပန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဇူလိုင်လ အတွင်းက ၅ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒီအလုပ် လက်မဲ့နှုန်းဟာ အထိုက် အလျောက် ကျဆင်းခဲ့ပေမဲ့ နိုဝင်ဘာအရောက်မှာတော့ ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့ပါတယ်။