Main menu

Background

ဂျပန် ဆာတာကေးက ခေတ်မီဆန်စက်ယူနစ်များ ထပ်မံရောင်းချရန် စီစဉ်လျက်ရှိ

Fri, 01/29/2010 - 04:53 -- Anonymous (not verified)

    ဂျပန်နိုင်ငံအခြေစိုက် ဆာတာကေး ကော်ပိုရေးရှင်းမှ ဝယ်ယူထားသော မြန်မာနိုင်ငံဆန်စက်များ ခေတ်မီဖွံ့ဖြိုးရေးအတွက် စက်ယူနစ် များတပ်ဆင်ပေးရန်ရောက်ရှိနေတဲ့ ပညာရှင် ၃ ဦးဟာ မြန်မာနိုင်ငံဆန်စပ်လုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က လာရောက်ပြီး ခေတ်မီဆန်ယူနစ်သစ်များ ထပ်မံရောင်းချပေးမယ့် အစီအစဉ်များကို တာဝန်ရှိသူများနဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။   SATAKA CORPORATION နဲ့ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရှိဆန်စက်ပိုင်ရှင်တွေနဲ့လည်း တွေ့ဆုံဖို့ ဆွေးနွေးကြောင်းထပ်မံသိရပါတယ်။ ခေတ်မီဆန်စက်ယူနစ်အစိတ်အပိုင်းများကို ဈေးနှုန်းသက်သာစွာနဲ့ရောင်းချမဲ့အစီအစဉ်တွေနဲ့အတူ မြန်မာနိုင်ငံရှိဆန်စက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်မဲ့အစီအမံများကိုလည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း အသင်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။