Main menu

Background

ဂွာဒီယိုလာနဲ့ ဘာစီလိုနာ စာချုပ်ချုပ်ပြီ

Wed, 01/27/2010 - 08:05 -- Anonymous (not verified)

   ဘာစီလိုနာနည်းပြ ပက်ဂွာဒီယို လာဟာဘာစီလိုနာအသင်းမှာပဲနောက် ထပ် တစ်နှစ်စာခုျပ် ထပ်မံခုျပ်ဆိုခဲ့ ကြောင်းသိရပါ တယ်။ ဂွာဒီယိုလာဟာ ဘာစီလိုနာနဲ့ထပ်မံစာခုျပ်ခုျပ်ဆိုနိုင်ဖို့ အတွက် ဘာစီလိုနာကလပ်အသင်းပိုင်ရှင်လာပေါ်တာနဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ လက်ခံခဲ့တာပါ။   စာချုပ်အရ ဂွာဒီယိုလာဟာ လာမယ့်စပိန်လာလီဂါဘောလုံးရာသီ ပြီးဆုံးတဲ့အချိန်အထိဘာစီလိုနာအသင်း မှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဂွာဒီယိုလာ လက်ထက်မှာ စပိန်လာလီဂါဖလားနဲ့ဥရောပ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား ပေါင်း(၆)လုံးအထိ ရယူပေးနိုင်ခဲ့တဲ့ အတွက် ဘာစီလိုနာအသင်းပိုင်ရှင်အ နေနဲ့သူ့ကိုအသင်းမှာဆက်ပြီးတာဝန်ယူ စေချင်ခဲ့ တာပါ။   ဘာစီလိုနာအသင်းဥက္ကဌ ဂျိုအန်လာပေါ်တာက''ဂွာဒီယိုလာကကျွန်တော့်ကိုပြောတယ်။သူ့အနေနဲ့ဒီအသင်း မှာအနည်းဆုံး တော့ တစ်ရာသီမကနေချင်တာပါ''လို့ ဆွေးနွေးပွဲအပြီးမှာပြော ကြားခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ စပိန် လာလီဂါအမှတ် ပေး ပြိုင်ပွဲမှာ ပြိူင်ဘက်အသင်းဖြစ်တဲ့ ရီးယဲမက်ဒရစ် နဲ့ ၅ မှတ်အကွာဇယားတိုင်ရဲ့ထိပ်ဆုံး မှာ ရပ်တည်နေတဲ့အသင်းတစ်သင်း ဖြစ်ပါ တယ်။