Main menu

Background

ငယ်ပေမယ့် လျှော့တွက်လို့ မရတဲ့ Samsung Es-60

Wed, 01/27/2010 - 11:05 -- Anonymous (not verified)

    တရုတ်(တိုင်ပေ)မှ တင်သွင်းလာတဲ့ အော်တိုကင်မရာလေးပါ။ 12.2 megapixel နဲ့ image processor ပါဝင်လို့ ပိုစတာအရွယ် အစားထိ ကူးနိုင်အောင် အရည်အသွေးကောင်းမွန်တဲ့ ရုပ်ပုံများကို ရိုက်ယူနိုင်ပါတယ်။ optical က ၃ဆနဲ့ wide က 6.3 x18.9mm သာဖြစ်လို့ ရှုခင်းကြီးတွေကို ရိုက်ယူလို့ တော့ အဆင်မပြေလှပါဘူး။ ဒါပေမယ့် ဗီဒီယိုရိုက်ကူးနိုင်ပြီး audio function တွေ စုံစုံလင် လင်ပါဝင်လို့ ကင်မရာ အကြောင်းနားမလည်ပေမယ့် လွယ် လွယ်ကူကူ အသုံးပြုလို့ရပါတယ်။ LCD Screen က 2.5 လက်မရှိပြီး CCD Sensor ကို သုံးထားပါတယ်။ Memoryအတွက် SD ကတ်ကိုသုံးရမှာဖြစ်ပြီး Lithium ဓာတ်ခဲသုံးရမှာ ဖြစ်ပါတယ်။ သေးပေမယ့် အစွမ်းထက်တဲ့ Samsung ES-60 Digital Camera တစ်လုံးကို ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင်နဲ့ အနော်ရထာလမ်းက အလှ ကမ္ဘာမှာ ရနိုင်ပါ တယ်။