Main menu

Background

ငါန်းဇွန်မြို့နယ်အား ဖြတ်၍ ဝက်လူးမြို့မှ မန္တေ လးမြို့သို့ ကားများဖြင့် ဆက်သွယ်သွားလာနိုင်ပြီ

Thu, 07/02/2009 - 19:56 -- cjadmin

ဝက်လူးမြို့မှ မန္တလေးမြို့သို့ နွားထိုးကြီးမြို့နယ် အားဖြတ်၍ မန္တလေးမြင်းခြံကားလမ်းမကြီးမှ သွားလာနိုင်သလို၊ ဝက်လူးမြို့မှ ငါန်းဇွန်မြို့နယ်အား ဖြတ်၍ မန္တလေး-တံတားဦး-မြင်းခြံ ကားလမ်းမကြီးမှလည်း မန္တလေးမြို့သို့ ဆက်သွယ် သွားလာနေပြီဖြစ်တဲ့ အတွက် မြို့သာအုပ်စု၊ ဆေးခင်းကြီးအုပ်စု၊ ကုန်းသာအုပ်စု၊ ကျွန်းဒေါင့်အုပ်စုနှင့် ဝက်လူးကျေးရွာအုပ်စုများမှ ကုန်သည်၊ ဈေးသည်၊ တောင်သူများနဲ့ ခရီးသွားလာကြသူများ အဆင်ပြေလျက် ရှိကြောင်း သိရပါတယ်။ ယခင်ကတော့ ဝက်လူးမြို့မှ မန္တလေးမြို့သို့ စမ်းသပ် ပြေးဆွဲခဲ့တဲ့ အတွက် အချိန်နှင့် နေ့ရက် မှန်ကန်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုအခါ မှာတော့ ကျေးရွာမှ ကိုယ်ပိုင်ကား ဝယ်ယူ၍ ပြေးဆွဲလာခြင်း၊ တံတားဦးမြို့ နှင့် ဝက်လူးမြို့၊မြို့သာမြို့များမှ ကားများ လာရောက် ပြေးဆွဲလာခြင်းများကြောင့် ကုန်စည်နှင့်ခရီးသည်တင် ကားများ၊ ဒိုင်နာကားများ နေ့စဉ် ၃စီး၊ ၄ စီးပုံမှန် ပြေး ဆွဲ နေကြောင်း သိရှိရပါတယ်။ ဝက်လူးမြို့မှ နံနက် ၄း၃၀ မှာစထွက်ပြီး မန္တလေးမြို့သို့ ၁၀း၃၀ နှင့် ၁၁း၀၀ နာရီ ကြား ဆိုက်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှ ဝက်လူးမြို့သို့ နေ့လယ် ၁း၃၀ နှင့် ၂း၃၀ မှာ ပြန်လည် ထွက်ခွာပြေးဆွဲကြောင်းသိရပါတယ်။ ဒိုင်နာကားများနှင့် ကုန်စည် နှင့် ခရီးသည်တင်ကားများမှာ ယာဉ်စီးခ နှုန်းတူညီတယ်လို့ သိရပါတယ်။ ဝက်လူးမြို့မှ မြို့သာမြို့ထိ လူတစ်ယောက် ယာဉ်စီးခနှုန်းမှာ ၅၀၀ ကျပ်၊ ပဲမျိုးစုံ နှင့်ဆီထွက်သီးနှံ ၁ တင်းခွဲတစ်အိတ် ၂၀၀ ကျပ်၊ ဝက်လူးမှ တံတားဦးမြို့ထိ လူတစ်ယောက် ၁၀၀၀ ကျပ်၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ၁ တင်းခွဲ တစ်အိတ် ၃၀၀ ကျပ် ဝက်လူးမြို့မှ မန္တလေးမြို့ထိ လူတယောက် ၁၈၀၀ ကျပ်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ ၁ တင်းခွဲ အိတ် ၄၅၀ ကျပ်နှုန်းများနှင့် သယ်ယူပို့ဆောင်နေပြီး၊ အခြားကုန်ပစ္စည်းနှင့် စားသောက်ကုန်များလည်း သင့်တင့်တဲ့ သယ်ယူခနှုန်းများဖြင့် သယ်ယူပို့ဆောင်ပေး လျှက်ရှိကြောင်း သိရပါတယ်။ ဝက်လူးမြို့မှ မန္တလေးမြို့သို့ မြင်းခြံ-တံတားဦး-မန္တလေး ကားလမ်းမကြီးမှ နေ့ချင်းပြန်ခရီး သွားလာနိုင်နေပြီဖြစ်တဲ့ အတွက် တောင်သူများ၊ ကုန်သည်ပွဲစားများ လယ်ယာထွက်ကုန်သီးနှံများ မန္တလေးဈေးကွက်သို့ အမှီရောင်းဝယ် ဖောက်ကားနိုင်တဲ့ အတွက် ကုန်စည် ကူးသန်းရောင်းဝယ်ရာမှာ အဆင်ပြေ ချောမွေ့နေကြောင်းနှင့် ခရီးသွားလာကြသူများ မှာလည်း  အဆင်ပြေနေကြောင်း သိရပါတယ်။တောင်သူများ လယ်ယာသီးနှံများ ပေါ်ချိန်ဆိုလျှင် ကားစီးရေတိုး၍ ပြေးဆွဲ ပေးကြောင်းလည်း သိရပါတယ်။တင်အောင်