Main menu

Background

ငါးကြိတ်သားများ ဂျပန်နိုင်ငံသို့ လစဉ်တင်ပို့နေ

Mon, 01/11/2010 - 07:31 -- Anonymous (not verified)

 ရွှေပြည်သာစက်မှုဇုန်အခြေစိုက် ပြည်လုံးချမ်းသာကုမ္ပဏီမှ ငါးကြိတ်သားများကို ဂျပန်နိုင်ငံသို့ လစဉ်တင်ပို့လျက်ရှိကြောင်းသိရ သည်။  ''ပင်လယ်ငါးတွေဖြစ်တဲ့ ရွှေငါး၊ ငါးပုလွေတို့ကို ကုန်ကြမ်းအဖြစ်အသုံးပြုထားတဲ့ ငါးကြိတ်သား ကုန်ကြမ်း တွေကို ဂျပန်နိုင်ငံကို လစဉ်တင်ပို့နေပါတယ်။ လက်ရှိ တစ်လကို တန် ၄ဝ ခန့် တင်ပို့နေရတာပါ။ ဂျပန်ဈေးကွက် ကိုလွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက လစဉ် ဂျပန်ကို တန် ၁ဝဝ လောက် ပို့ခဲ့ရတာပါ။ ဂျပန်ဝယ်လက်တွေက အရောင်နဲ့ အနံ့မရှိတာကို ကြိုက်ကြတယ်'' ဟု ယင်းကုမ္ပဏီမှမန်နေဂျင်း ဒါရိုက်တာဦးကျော်လွင်က ပြောပြသည်။  အဆိုပါ ပြည်လုံးချမ်းသာကုမ္ပဏီအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ငါးအသားလုံး၊ ငါးဆုပ်ပြားများ ဖြန့်ချီမှုတွင် ဈေးကွက်ဝေစုအများဆုံး ရရှိထားသည်ဟု ဆိုသည်။ခင်မျိုးသွယ်