Main menu

Background

ငါးမြစ်ချင်းဈေး အနည်းငယ်တက်ပေးလာ

Mon, 01/11/2010 - 06:19 -- Anonymous (not verified)

   မြန်မာနိုင်ငံတွင်အများဆုံးမွေးမြူထုတ်လုပ်လျက်ရှိသည့် ငါးမြစ်ချင်းငါးများကိုဈေးအနည်းငယ်တက်ပေးလာကြောင်း ရေချိုငါးမွေးမြူ ရေးလုပ်ငန်းရှင်များအသင်းမှသိရသည်။   ''ငါးမြစ်ချင်းဈေးနှုန်းက အကျဘက်မှာ နှစ်လနီးပါးလောက်ဈေးတန်းနေခဲ့တာပါ။ အခု 2F အရွယ် ငါးမြစ်ချင်း တစ်ပိဿာကို ၂၀၀၀ ကျပ်ကနေ ၂၀၅၀ ကျပ်အထိ ဈေးနည်းနည်းတက်ပေးလာတာတွေ့ရပါတယ်။ ငါးမွေးမြူသူတွေကလည်း တက်ဈေးကိုမျှော်ပြီး ငါးဖော် ရောင်းမယ့်အနေအထားဖြစ်နေတာ။ အခုချိန်မှာကုန်တက်နည်းပါတယ်။ ငါးအစာဈေးတွေထဲမှာ ဖွဲနုဈေးကအနည်းငယ်ကျပါတယ်။ ပဲဖတ်ဈေးကမကျဘဲတက်နေတယ်။'' ဟုယင်းအသင်း၏ အတွင်းရေးမှူးကဆိုသည်။   မြန်မာနိုင်ငံ ရေချိုငါးမွေးမြူရေးလုပ်ငန်းမှ ၂၀၀၈ -၂၀၀၉ ဘဏ္ဍာနှစ်အတွင်း ငါးမျိုးစုံမွေးမြူထုတ်လုပ် မှုအနေဖြင့် ၁၃၃၄၅၄၀ တန်ကို မွေးမြူထုတ်လုပ်ပေးနိုင်ခဲ့ပြီး၊ ၈၈၅၅၂ ဒသမ ၁၄၇ မက်ထရစ်တန်ကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုကြောင့် အမေရိကန် ဒေါ်လာ ၈၈ ဒသမ ၄၃ သန်းရရှိခဲ့သည်။ ခင်မျိုးသွယ်