Main menu

Background

ငါးရှဉ့်တင်ပို့မှုမှ ဒေါ်လာ ၁၅ သန်းကျော် ရရှိထားပြီးဖြစ်

Thu, 01/28/2010 - 09:54 -- Anonymous (not verified)

   မြန်မာနိုင်ငံမှထွက်ရှိသည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိရာ ယခုအခါ ဒေါ်လာ ၁၅ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း ငါး ရှဉ့်လုပ်ငန်းရှင်များအသင်းမှသိရသည်။   ''အခုရရှိထားတဲ့ငွေဟာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွက် ငါးရှဉ့်အသင်းအနေနဲ့ မျှော်မှန်းထားတဲ့ ငွေရဲ့ ၆၁ ဒသမ ၆၅ ရာခိုင်နှုန်း ရရှိ ထားပြီးပါပြီ။ ဝယ်လိုအားများပြီး ငါးရှဉ့်တင်ပို့မှုနည်းနေတဲ့အတွက်ဈေးပိုရနေတာပါ။ ငါးရှဉ့်အသင်းအနေနဲ့ ဘဏ္ဍာနှစ်ကုန်ရင် ရည်မှန်းထားတဲ့ ငွေ ၂၅ သန်းအောင်မြင်မယ်လို့ထင်ပါတယ်။ အရင်နှစ်တွေက စက်တင်ဘာလဆန်းကစပြီး ငါးရှဉ့် ၁ တန်ကို ဒေါ် လာ ၂၀၀၀ ကျော်ရရှိခဲ့ပေမယ့် ဒီနှစ်မှာ အောက်တိုဘာလကစပြီး ၁ တန်ကို ဒေါ်လာ ၃၀၀၀ ကျော်ရခဲ့ပါတယ်'' ဟု အသင်းဥက္ကဌ ဦးဘ သော်ကပြောကြားသည်။    မြန်မာနိုင်ငံမှ ငါးရှဉ့်များကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ ခင်မျိုးသွယ်