Main menu

Background

ငါးသလောက်အစား ရေချိုငါးမုတ်များတိုးချဲ့မွေးမြူလာ

Thu, 01/28/2010 - 06:11 -- Anonymous (not verified)

   မြန်မာရေပြင်တွင် ဖမ်းဆီး ရရှိမှုရှားပါးလာသော ငါးသလောက်အစား အနံ့အရသာတူသော ရေချိုငါးမုတ်များကို တိုးချဲ့မွေးမြူလာ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။   ''ငါးသလောက်တွေက မြန်မာလူမျိုးတွေရဲ့ သာရေး၊နာရေးအလှူအတန်းကိစ္စတွေမှာ မြန်မာအကြိုက် ဟင်းပွဲတစ်ပွဲအဖြစ်နေရာ ယူနိုင်ခဲ့တယ်။ အခု အဲ့ဒီငါးသလောက်က ဖမ်းဆီးရရှိမှုနည်းလာတဲ့အတွက် သူ့အစားအနံ့ အရသာတူတဲ့ ရေချိုငါးမုတ်များကို ထိုင်း နိုင်ငံကတင်သွင်းပြီး ငါးလုပ်ငန်းဦးစီးဌာနက သားဖောက်ခဲ့တာအောင်မြင်ခဲ့ပါတယ်။ ရေချိုငါးမုတ်က ငါးမြစ် ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်းတို့နှင့်လည်းတွဲမွေးနိုင်တယ်။ ရေချိုငါးမုတ်ရဲ့ကြီးထွားနှုန်းက ငါးမြစ်ချင်းကြီးထွားနှုန်းရဲ့ နှစ်ဆရှိပါတယ်။ မွေးမြူရာမှာ အောင်မြင်သလို ဈေးကွက်ရရှိဖို့လည်းလိုပါတယ်။ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ အများဆုံးစားသုံးကြပေမယ့် အခြားငါးတွေ ထက်စာရင် ရေချိုငါးမုတ်ကိုအစားနည်းနေပါသေးတယ်''ဟု MFF မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပြသည်။   မြန်မာနိုင်ငံတွင် ရေချိုငါး မုတ်ကို ၂၀၀၀-၂၀၀၁ ခုနှစ်က ထိုင်း နိုင်ငံမှရေချိုငါးမုတ်၊ ငါးဖယ်ခုံးနှင့် ပြည်တွင်း ဂိုရာမိကြီးငါးမျိုးတို့ကို ငါး လုပ်ငန်းဦးစီးဌာနက စမ်းသပ်သားဖောက် ခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရသည်။ခင်မျိုးသွယ်