Main menu

Background

ငွေချေးစာချုပ်ရောင်းပြီးအကြွေး ပြဿနာကို ဖြေရှင်းမယ့်မန်ယူ

Wed, 01/20/2010 - 06:48 -- Anonymous (not verified)

   မန်ယူအသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အသင်းရဲ့ကြွေးမြီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ငွေချေးစာချုပ်တွေကို ရောင်းချသွားဖို့စီစဉ်လျက်ရှိပြီး စာချုပ်များရောင်းချမယ့် ငွေပမာဏမှာ ပေါင်သန်း ၅ဝဝ ခန့်ရှိကြောင်း သိရှိရပါတယ်။   မန်ယူအသင်းဟာ လက်ရှိအခြေ အနေအရ ကြွေးမြီပေါင်သန်းပေါင်း ၇ဝဝ ခန့်ရှိနေပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ရဲ့ သတိပေးမှုကြောင့် ကြွေးမြီကိစ္စကို အမြန်ဆုံး ဖြေရှင်းရမှာဖြစ်ပါတယ်။ မန်ယူအသင်းကဲ့သို့ ခဲျလ်ဆီးနဲ့မန်စီတီးအသင်းတို့ ဟာလည်း ကြွေးမြီပြဿနာတွေရှိခဲ့ပေမယ့် 0x158င်းတို့ရဲ့ ပိုင်ရှင်သူဌေးများက စိုက်ထုတ်ပေးခဲ့တာကြောင့် ပြေလည်မှုရရှိခဲ့ပါတယ်။ မန်ယူအသင်း ပိုင်ရှင် ဂလေဇာမိသားစုအနေနဲ့ ငွေကြေးစိုက်ထုတ်သုံးစွဲ ပိုင်ခွင့်မရှိတဲ့ အတွက် စာချုပ်များရောင်းချပြီး ဖြေရှင်းရန် စီစဉ်ရခြင်း ဖြစ်ပါတယ်။   မန်ယူအသင်းဟာ ၂ဝဝ၉ ခုနှစ်အပြောင်းအရွှေ့ကာလမှာ စီရော်နယ်ဒိုကိုရီးယဲမက်  ဒရစ်ထံ ရောင်းချခဲ့တဲ့ အတွက် နှစ်ချုပ်ရှင်း တမ်းမှာပေါင်သန်း ၄၈ ဒသမ ၂ သန်းအမြတ် ထွက်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်က မန်ယူ အသင်းဟာ ပေါင် ၂၁ ဒသမ ၄ သန်းအရှုံး ပေါ်ခဲ့ရပါတယ်။ အဲဒါကြောင့် အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ အဆင်ပြေစေရန် ဘဏ်များမှ ပေါင်သန်း ၅ဝ၉ ဒသမ ၅ သန်း ချေးယူခဲ့ပါတယ်။    အဲဒါကြောင့်ဂလေဇာ မိသားစုဟာ မန်ယူအ သင်းရဲ့ကြွေးမြီပြဿနာအတွက်ငွေချေးစာချုပ် တွေကိုရောင်းချပြီး ဖြေရှင်းတော့မှာဖြစ်ပါ တယ်။ အဲဒီအစီအစဉ် ကိုဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို ၂ဝဝ၅ ခုနှစ်က ပေါင် သန်းပေါင်း   ၇၉ဝ နဲ့ ဝယ်ယူခဲ့တာပါ။