Main menu

Background

စင်ကာပူနိုင်ငံ ပုဂ္ဂလိကကျောင်းများသို့ ရွေးချယ်ပါက ငွေကြေးပြည့်စုံမှသာ ရွေးချယ်တက်ရောက်သင့်

Thu, 01/28/2010 - 03:01 -- Anonymous (not verified)

    စင်ကာပူနိုင်ငံသို့ သွားရောက်၍ ပညာသင်လိုသူများအနေဖြင့် အစိုးရပိုင်ကျောင်းများကို ရွေးချယ်တက် ရောက်သင့်ပြီး ပုဂ္ဂလိကကျောင်းများအား ရွေးချယ်ပါကလည်း မိဘများမှ ပညာသင်ကျောင်းသား၏ ပညာ သင်စရိတ် အပြည့်အဝရှိမှသာ ရွေးချယ်သင့်ကြောင်း စင်ကာပူပညာရေးလေ့လာသူ တစ်ဦးက ပြောကြား သည်။    ''စင်ကာပူနိုင်ငံက တစ်ယောက်ကို တစ်ပတ် ၁၄ နာရီပဲ လုပ်ခွင့်ပြုတယ်။ အရမ်းတိကျတယ်။ ပိုလုပ်ခွင့် မပြုဘူး။ အစိုးရပိုင်ကျောင်းတွေမှာ တက်နေတဲ့သူတွေပဲ လုပ်ခွင့်ရတယ်။ ပုဂ္ဂလိက ကျောင်းတွေက အလုပ် လုပ်ခွင့်မရဘူး။ မိဘကိုညှာတဲ့အနေနဲ့ ထွက်လုပ်မိလို့ ဖမ်းမိရင် ဗီဇာအသိမ်းခံရတယ်။ ပုဂ္ဂလိက ကျောင်း တွေက မိဘပို့ပေးနိုင်မှရတယ်။ အစိုးရကျောင်းက စကောလား ရှစ်(ပ်) မီရင် ကျောင်းပြီးရင်အလုပ်လုပ် ခွင့်တန်းရတယ်။ ၁၄ နာရီအတွင်းရတဲ့ ငွေကလည်း စားစရိတ်ကာမိတယ် ဆိုရုံပဲရှိတယ်။ ဒါပေမယ့် စက်ရုံ၊ အလုပ်ရုံ ပေါတဲ့ နေရာကကျောင်းကိုတက်မိ တယ်ဆိုရင်တော့ ကျောင်းစရိတ်ပါ နည်းနည်းကာမိပါတယ်'' ဟု ယင်းက ပြောသည်။    အဆိုပါစင်ကာပူနိုင်ငံ၏ နေထိုင်စရိတ် (Living Cost) မှာ ကြီးမြင့်ပြီး တစ်နေ့လျှင် စင်ကာပူဒေါ်လာ ၃ဝ မှ ၆ဝ အထိ အသုံးပြုရသောကြောင့် ပုဂ္ဂလိကကျောင်းများသို့ သွားရောက် သင်ကြားလိုပါက ကျောင်းစရိတ်အပြင် နေထိုင်စရိတ်များကိုပါ တွက်ချက်၍ ပြည့်စုံမှသာသွားရောက်သင်ယူသင့် ကြောင်း သိရသည်။