Main menu

Background

စင်ကာပူအလုပ်အကိုင်အလားအလာ ၂၀၁၀ ပြည့်နှစ်တွင် ပြန်ကောင်းလာမည်

Thu, 01/28/2010 - 03:42 -- Anonymous (not verified)

   စစ်တမ်းကောက်ယူခဲ့တဲ့ အလုပ်အကိုင်ဖော်ထုတ်ရေးမှာ အဆုံးအဖြတ်ပေးနိုင်သူ ၁၅၀၀ ကျော်အနက် ၅၁ ရာခိုင်နှုန်းက ယခုနှစ် ပထမသုံးလပတ် မှာ အလုပ်သမားငှားရမ်းမှုတွေ ပိုမိုများပြားလာမယ်လို့ဖြေကြားပါတယ်။ ယခင်ကကောက်ယူခဲ့တဲ့ စစ်တမ်းအရ ယခုလိုဖြေကြားသူ ၃၄ ရာခိုင်နှုန်းသာရှိတယ်လို့ ဟတ်ဆန်အစီရင်ခံစာအရသိရပါတယ်။   ၂၀၀၉ ခုနှစ်က အလုပ်သမားတွေဟာ လစာများလျှော့ချတာကိုခံခဲ့ရပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ကို ပထမဆုံးဝင်ရောက် ကြတဲ့ ဘွဲ့ရပညာတတ်တွေအတွက် အခြေအနေပိုမို ဆိုးဝါးပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ အလုပ်သမားငှားရမ်းမှု အခြေအနေပိုမို ကောင်းမွန်လာရုံမျှမက အလုပ်သမားတွေဟာ လစာပိုမိုရဖို့မျှော်လင့်ချက်တွေရှိလာပါတယ်။ အစွမ်းအစရှိသူတွေရ ရှိနိုင်ဖို့အတွက် လုပ်ငန်းတော်တော်များများက လစာတိုးမြှင့်ပေးဖို့ရည်မှန်းထားကြောင်း ပြောကြားပါတယ်။ လစာတိုးမပေးနိုင်ပါဘူးလို့ ပြောကြားသူ ဟာ ရှစ်ရာခိုင်နှုန်းသာရှိပါတယ်။   စစ်တမ်းအရ ယခုနှစ်မှာ အများစုက ဆုကြေးငွေများတိုးမြှင့်ပေးဖို့စီစဉ်ထားပါတယ်။ ဖြေကြားသူတွေထဲက ၇၄ ရာခိုင်နှုန်းခန့်က ၂၀၀၉ ခုနှစ် အတွက်ပင် ဆုကြေးငွေတွေပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။    ဒါပေမဲ့ အလုပ်အကိုင်ရရှိသူတွေဟာ ကန်ထရိုက်အငှားစနစ်၊ အချိန်ပိုင်းစနစ်၊ စီမံကိန်းစနစ် စတာမျိုးကိုသာရနိုင်တယ်လို့ စင်ကာပူ လူသားအရင်းအမြစ်အဖွဲ့ကအမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ်အန်းကပြောကြားပါတယ်။   အလုပ်အကိုင်ငှားရမ်းမဲ့ အခွင့်အလမ်းက ဘဏ်လုပ်ငန်းကဏ္ဍနဲ့ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍာမှာ ပိုများမယ်လို့စစ်တမ်းမှာဖော်ပြ ထားပါတယ်။ အခြားအလားအလာကောင်းတဲ့ ကဏ္ဍတွေကတော့ မီဒီယာ၊ ကြော်ငြာနဲ့ အများပြည်သူဆက်ဆံရေးလုပ်ငန်းတွေဖြစ် တယ်လို့ဖော်ပြထားပါတယ်။    Source: channelnewasia.comဉာဏ်တင်